Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

မြေအောက်လှိုဏ်ခေါင်းမှာ ပိတ်မိခဲ့တဲ့ ဂျပန်စစ်သားအလောင်းများ ပြန်လည်တူးဖော်


ဒုတိယကမ္ဘာစစ်တုန်းက ပစိဖိတ်ကျွန်းဆွယ်မှာ သေဆုံးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တူးဖော်ဖို့ ဂျပန်ရှေးဟောင်းသုတေသနပညာရှင်တွေ ကြိုးပမ်းနေကြပါတယ်။ ပစိဖိတ်ကျွန်းဆယ်ထဲက ပလာအို နိုင်ငံမှာ ဂျပန်စစ်သား ၂၆၀၀ ကျော်ရဲ့အလောင်းတွေကို တူးဖော်မှာဖြစ်ပါတယ်။


ဂျပန်စစ်သားတွေဟာ ဗုံးဒဏ်ကာကွယ်တဲ့ လှိုဏ်ဂူထဲမှာနေရင်း အရှင်လတ်လတ် ပိတ်မိသွားခဲ့တာဖြစ်ကြောင်း ဂျပန်ပညာရှင်တွေဘက်က ယုံကြည်ထားကြပါတယ်။ ပလာအိုနဲ့ ဂျပန် နှစ်နိုင်ငံက ရှေးဟောင်းပညာရှင်တွေ ပူးပေါင်းပြီး စစ်သားအလောင်းတွေ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။ ဂျပန်စစ်တပ်တွေက ဒီကျွန်းမှာ ရှိနေတုန်း အမေရိကန်စစ်တပ်က ခြောက်မိုင်ရှည်တဲ့ ဒီကျွန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့လို့ ဂျပန်တွေ အများအပြားသေဆုံးခဲ့ရပါတယ်။ အသေအပျောက်အများဆုံး စစ်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။


ဒီစစ်ပွဲအတွင်းမှာ ၁၀ ပတ်အတွင်း ဂျပန်စစ်သားပေါင်း တစ်သောင်းကျော်လောက် ကျဆုံးခဲ့ပြီး စစ်သား ၂၆၀၀ ရဲ့အလောင်းတွေကိုတော့ ဒီနေ့အချိန်ထိ ရှာမတွေ့သေးတာဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ အသေပိတ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်း ၂၀၀ လောက်ကို ဖွင့်ပြီး ဂျပန်စစ်သားအလောင်းတွေ ရှာဖွေကြမှာ ဖြစ်ပါတယ်။ လှိုဏ်ခေါင်းအချို့ရဲ့ အဝင်ပေါက်တွေကို စတင်ရှင်းလင်းစဉ်မှာပဲ လူအရိုးစုလို့ ယူဆရတဲ့ အရိုးစုအချို့ကို တွေ့ရှိထားတယ်လို့ဆိုပါတယ်။

planet

No comments:

Post a Comment