မိုးညှင်း မတ် ၃
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်သို့ ရေကျော်ရပ် နန်းမား ကျေးရွာနေ ယာဉ်မောင်း သက်ပိုင်ကျော်(ခ)ဇေယျာထူး မောင်းနှင်သော ယာဉ်အမှတ် SD/------ တုံဖုံးကား အပြာရောင်ယာဉ်သည် အင်းတော်ကြီး နန့်မွန်တောင် ထိပ်အဆင်း မြေနီဖြတ်လမ်း မိုင်တိုင် ၁၃/ဝ နှင့် ၁၃/၁ ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက် ခဲ့သည့်ဖြစ်စဉ်တစ်ခု မတ် ၂ ရက် ညနေ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ခရီးသည် ၅ဝ ကျော်အနက် ကျား ၁၅ ဦး၊ မ ၂၉ ဦး စုစုပေါင်း ၄၄ ဦးဒဏ်ရာရရှိခဲ့ကာ ကျားနှစ်ဦး၊ မလေးဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ရသည်။
အခင်းဖြစ်ပွားပြီးနောက် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လုံးတုံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲထွန်းက တရားလိုပြု လုပ်တိုင်တန်းသဖြင့် ယာဉ်(ပ) ၄/၂ဝ၁၅၊ ပုဒ်မ ၃ဝ၄-က/၃၃၈/ ၃၃၇အရ ရဲအုပ် ဘုန်းမြင့်ထူးက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကေဆိုင်းနော်(ဖားကန့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
No comments:
Post a Comment