Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

သီလရှင်ကြီး မုဒိမ်းကျင့်ခံရမှု တရားခံဖမ်းမိရေး အရှိန်မြှင့်ရန် အိန္ဒိယ ခရစ်ယာန်ဘုန်းတော်ကြီး ပြော

ခရစ်ယာန်ဘုန်းတော်ကြီးအမတ် ဘာစေလီယို ကလီမစ် (အလယ်)

မီးထွန်းဆုတောင်းပွဲများ ပြုလုပ်နေကြစဉ်
အသက် ၇၅ နှစ် ခရစ်ယာန် သီလရှင်ကြီး မုဒိမ်းကျင့်ခံရမှုကို တရားမျှတအောင် စီရင်ဖို့နဲ့ တရားခံဖမ်းမိရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေကို အိန္ဒိယကက်သလစ်ဘုန်းတော်ကြီးများ ညီလာခံရဲ့ ဥက္ကဋ္ဌက  ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ခရစ်ယာန်သီလရှင် ကျောင်းတိုက်ခိုက်မှုအတွင်း အုပ်စုလိုက် မုဒိမ်းကျင့် ခံခဲ့ရတဲ့ သက်ကြီး သီလရှင်ကြီးဆီကို ခရစ်ယာန်ဘုန်းတော်ကြီးအမတ် ဘာစေလီယို ကလီမစ်ဟာ မတ် ၁၈ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးကို ရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ ရေဖျန်းခရစ်ယာန်ဘုန်းတော်ကြီး ဘာစီလီးယော့ ကလင်းမိစ့် အနောက်ဘန်ဂေါပြည်နယ် နာဒီယာခရိုင် ရာနာဂတ်မြို့ကိုသွားရောက်ခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘနားဂျီးနဲ့ မတွေ့ခင် သီလရှင်ကြီးကို အရင်တွေ့ခဲ့တာပါ။

သီလရှင်ကျောင်းကို တိုက်ခိုက်ပြီး အသက် ၇၅ နှစ်အရွယ် သီလရှင်ကြီးကို မုဒိမ်းကျင့်မှုဟာ အိန္ဒိယရဲ့ လိင်ပိုင်းရာဇဝတ်မှုတွေထဲမှာ အဆိုးရွား ဆုံးဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပမှာပါ ဂယက်ရိုက်ခဲ့ပါတယ်။

စည်းလုံး ညီညွတ်ပြီး စာနာခဲ့ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ကြောင်း၊ အာဏာပိုင်တွေက တရားခံအမိဖမ်းဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်သင့်တယ်လို့လည်း ဘုန်းတော်ကြီးက ပြောပါတယ်။

ညနေပိုင်းမှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ပြီး အစောဆုံးတရားစီရင်ဖို့ တောင်းဆိုမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုကြောင့် နိုင်ငံတလွှား ဆန္ဒပြပွဲတွေနဲ့ မီးထွန်းဆုတောင်းပွဲတွေ အများအပြား ဆင်နွှဲခဲ့ကြပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ခရစ်ယာန်ကျောင်း ဖျက်ဆီးခံရမှုနဲ့ သက်ကြီးသီလရှင်ကြီး မုဒိမ်းကျင့်ခံရမှုအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း မတ် ၁၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေကတော့ နိုင်ငံတလွှား အမျိုးသမီးတွေနဲ့ ဘာသာရေးလူနည်းစုတွေကို ပိုမို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment