တရားသံတွေဝေဆာနေတဲ့ အရေးပေါ်မှန် လုံအခန်းထဲမှ ထူးခြားတဲ့ရင်ဖွင့်သံကို ကြား သိခဲ့ရတယ်။
”အဘွားက အပျိုခေါင်းလုပ်တာ အလှူပွဲတွေမှာ လှည်းပေါ်မှာကတာပေါ့။ ဇနကဇာတ်ထုပ်
ကပြရတယ်။မေခလာနတ်သမီးလုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက က ခိုင်းတယ်”။
ရင်ဖွင့်ပြောပြသူကတော့ သဘာဝတရားရိပ်သာ (သန် လျင်)တွင်နေထိုင်နေတဲ့
အသက်၁ဝ၅နှစ်ရှိပြီဖြစ်တဲ့ အဘွား ဒေါ်ကျင်ဧဖြစ်ပြီး သူမရဲ့ငယ်စဉ်ဘဝကို
ပြန်လည်ပြောပြခဲ့ တာဖြစ်ပါတယ်။
”အပျိုခေါင်းဆိုတာ
အလှူပေးမယ်ဆိုရင် အပျိုတွေ ရှိတဲ့အိမ်ကို လိုက်ပြီးစုပေးရတာပေါ့။ ပျော်တယ်
အပျိုခေါင်း လုပ်ရတာကို”ဟုသူမက ဆက်လက်ပြောတယ်။
ကျေးလက်တောရွာများတွင်အလှူပွဲရှိတဲ့အခါ အပျို ခေါင်း၊
လူပျိုခေါင်းတို့မှလူစုပြီး အလှူပွဲအစအဆုံးတစ်
ယောက်တစ်လက်ဝိုင်းဝန်းကူညီစေတာလည်း မြန်မာတို့
ရဲ့မြတ်နိုးဖွယ်ကောင်းတဲ့ရိုးရာယဉ်ကျေးမှုဓလေ့တစ်ရပ် ဖြစ်ပြီး
အသက်၁ဝ၅နှစ်ရှိပြီဖြစ်တဲ့ အဘွားရဲ့မှတ်ဉာဏ်မှာ ယနေ့တိုင်
ထင်ဟပ်နေတဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်။
”အဘွားအသက်၁ဝ၅နှစ်ရှိပြီ။
အဖေတို့အမေတို့က တော့ လယ်လုပ်တယ်။ အဘွားက
တောင်သူမလုပ်ဘူး။အမျိုးတွေသာလုပ်တာ။ အဘွားမှာ အစ်ကိုကြီးရယ်၊ အစ်မ
ကြီးရယ်မောင်နှမငါးယောက်ရှိတယ်။ မုံရွာဇာတိပါ”ဟု အဘွားကပြောပြပါတယ်။
အဘွားဒေါ်ကျင်ဧကို ဦးသန်းနှင့်ဒေါ်မြတို့မှ မြန်မာ သက္ကရာဇ်၁၂၇၁ခုနှစ်
ဒီဇင်ဘာ၁၄ရက်တွင် မွေးဖွားခဲ့ပြီး ဇာတိမှာ ဝက်ခဲရွာ
မုံရွာမြို့နယ်ဖြစ်ပါတယ်။
”မှတ်ပုံတင်ထဲမှာ မွေးသက္ကရာဇ်က ၄.၁၂.၁၂၇၁
လို့ရေးသားထားပါတယ်။ သဘာဝတရားရိပ်သာ(သန်လျင်) ကို ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၎ရက်က
ရောက်ရှိခဲ့ပါတယ်။ အ သက်၆ဝကျော်အရွယ် သားတစ်ယောက်နဲ့ အတူရောက်ခဲ့ တာပါ။
သူ့သားကတော့ ၂ဝ၁၅ ဇန်နဝါရီလမှာ လူကြီး ရောဂါနဲ့ဆုံးတယ်။
ခိုကိုးရာမဲ့ပေါ့ကွယ်။ အဘတို့ကလက်ခံ စောင့်ရှောက် ကယ်တင်ထားတယ်။
တရားဓမ္မလဲပြပေး တယ်။ ဒီမှာဆို နေစရာ၊ ထိုင်စရာ၊ စားသောက်စရာတွေနဲ့
ဆေးကုသမှု၊ လူမှုကယ်တင်မှုတွေရှိတယ်လို့ သတင်းကြား လို့ရောက်လာတယ်။ အသက်
၁ဝ၅နှစ်ဆိုတော့ အရေးပေါှ်ုဃ့ အခန်းထဲမှာထားပါတယ်။ ကြီးကျယ်တဲ့ရောဂါမရှိ
ပါဘူး။ ဘုရား၊ တရားလဲ ကိုင်းရှိုင်းတယ်”ဟုသဘာဝတ
ရားရိပ်သာ(သန်လျင်)ရိပ်သာတာဝန်ခံ ဦးကျော်အေးက ပြောပြပါတယ်။
အဘွားဒေါ်ကျင်ဧက သူမငယ်စဉ်ဘဝမှာမေခလာ နတ်သမီးအဖြစ် ကပြရတာကို
အလွန်နှစ်ခြိုက်နေသူတစ်ဦး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
သူမကိုကပြဖို့ ဖိတ်ခေါ်ခံရပုံတွေကို ပြန်လည်ပြောပြပါတယ်။
”မြန်မာ့လွတ်လပ်ရေးနော်.. ညီမျှညီညာကြဖို့ အခါ သမ တို့ရဲဘော်..
အတွေးအယူအဆလွဲမှားလို့နေကြရှာနော် တို့ရဲဘော်။
ဟစ်ကာ ခေါ်လိုက်စမ်းပါရစေနော်..တို့.. ရဲဘော်လို့ ဆိုရတယ်”လို့
အသက်၁ဝ၅နှစ်ရှိပြီဖြစ်တဲ့ အဖွားဒေါ်ကျင် ဧက မာန်ပါပါနဲ့
သံစဉ်အတက်အကျနဲ့သီချင်းဆိုပြပါတယ်။
”သီချင်းကိုစင်ပေါ်မှာတက်ဆိုတာ။
ကပြရတယ်။ ဗိုလ် ချုပ်အောင်ဆန်းက အဘွားတို့ကို အရာတော်မြို့မှာကခိုင်း တယ်။
ဗိုလ်ချုပ်က သူ့ရဲ့ရှေ့တန်းရောက် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့
ဖိတ်ခေါ်ပြီး ကပြခိုင်းတာပါ။ တော ရွာတွေမှာလဲ လိုက်လံကပြတာပဲ။
ဆုတွေချကြတယ်လေ ငါးကျပ်တို့၊ ၁ဝတို့။ အဲဒါနဲ့သုံးစွဲပါတယ်”ဟု အဘွားက
ပြောတယ်။ အဘွားမှာ အိမ်ထောင်ရှိပြီး မုံရွာ မှရန်ကုန်သို့တက် လာချိန်တွင်
မိဘ များမှ ထိမ်းမြား လက်ထပ်ပေးသ ဖြင့် ယူခဲ့ရတာဖြစ် ပြီး သားသုံးဦးထွန်း
ကားခဲ့ပါတယ်။
”အ ဘိုးနဲ့က ရန်ကုန်မြို့ ရောက်မှတွေ့တာ။ သူ က
တရုတ်လေ။ မရှိတော့ ဘူး၊ သေပြီ။ အသက် ၄ဝ မှာသေ တာ။ သားသမီးရှိတယ်။ ယောက်ျား
လေးတွေချည်းပဲ။ သားသုံးယောက်နာမည် မှတ်မိပါတယ်။ မောင်သန်းအေးက အငယ်ဆုံး
အသက်၆ဝ မှာဆုံးသွားတာ။ မောင်သန်းညွန့်က ၆၊ ၇နှစ်သားလေးဆုံး တာ၊ အလတ်။
မောင်သန်းဦးက ဖောင်းပြင်မှာဆုံးတာ”။
သူမသည် ခင်ပွန်းသည်နှင့်အတူ
လသာလမ်းတွင် ဆီချက်၊ခေါက်ဆွဲပြုတ်များရောင်းချသောအလုပ်ဖြင့် အ
သက်မွေးဝမ်းကျောင်းပြုခဲ့တယ်။ အသက်ရှည်လှတဲ့အဘွား က ဘယ်လိုအစားအသောက်တွေ
အဓိကထားသောက် ခဲ့လဲဆိုတာလည်း ပြောပြပေးပါတယ်။
”ခေါက်ဆွဲပြုတ်ရောင်းတယ်၊ တစ်လုံးကိုတစ်မူး၊ ဆီ ချက်ခေါက်ဆွဲ
လုပ်ရောင်းတယ်၊ အီကြာကွေးရောင်းတယ်။ အဘွားက ဝက်သားမစားဘူး၊
အသားတွေမစားသလောက် ဘဲ။ ထမင်းပဲစားတယ်၊ ပဲကြော် စားတယ်။ ပဲဟင်းချက်သောက်
တယ်။ ပဲစားရင် အသက် ရှည်တယ်”ဟု ယင်းက ဆိုတယ်။ အဘွားတွင် မြေးများရှိပြီး
လမ်း၃ဝ တွင်နေထိုင်ကြကြောင်း နှင့် အသက်၁ဝဝကျော် ပြီဖြစ်တဲ့အဘွားကို တရား
ဓမ္မစောင့်ရှောက်မှုတွေနဲ့ နေနိုင်ရန် သဘာဝတရားရိပ် သာသို့
ပို့ဆောင်ပေးခြင်းဖြစ် တယ်လို့ သိရပါတယ်။
”ဒီက တရားရတယ်၊
အချိန်မရွေးနိုး တဲ့အချိန်တိုင်း ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊
သံဃာသရဏံဂစ္ဆာမိ အဲဒီသုံးလုံးအမြဲရွတ်တယ်။ ဒီမှာနေ ရတာပျော်တယ်၊
တရားမှတ်တယ်၊ ထွက်လေ၊ ဝင်လေပါပဲ သမီးရယ်။ လိုချင်တာလဲဘာမှမလိုဘူး။
ရှိတာတွေအား လုံးလှူတာ၊ အဘွားနောက်ကို ဘာမှမပါဘူး။ တရားအလုပ်ပဲ ပါတယ်၊
သဒ္ဓါသိပြီး အဘွားမှာရှိတာတွေ အကုန်လှူတာ။ အဘွားက ပဉ္ဇင်းခံထားတယ်၊
ရှင်ပြုတယ်”ဟု အဘွား ဒေါ် ကျင်ဧက ပြောတယ်။ အဘွားက ဘုရား၊ တရား၊ သံဃာ ကြည်ညို
ကိုင်းရှိုင်းသူဖြစ်ပြီး ဖောင်းပြင်တွင်ပဉ္ဇင်းခံပေးခဲ့ သောကြောင့်
ရဟန်းဒါယိကာမတစ်ဦးလည်းဖြစ်ပါတယ်။
အသက်၁ဝ၅နှစ်ရှိပြီး
အောက်ဆီဂျင်အဆင်သင့်ရှိ တဲ့ အရေးပေါ်မှန်လုံခန်း
စိန်ပန်းဝါအဆောင်တွင်နေထိုင် ရသော်လည်း အဘွားရဲ့ကျန်းမာရေးမှာ
ကောင်းမွန်လျက် ရှိနေပါတယ်။
”ဘာရောဂါမှမရှိဘူး။
သွားတစ်ချောင်းမှမကျိုးဘူး။နားမထိုင်းဘူး။ မျက်စိမမှုန်ဘူး။
စာတော့သိပ်မဖတ်နိုင် တော့ဘူး။ ဆံပင်တွေလဲ ညှပ်ပစ်ရတယ်။ ညောင်းကိုက်တာ
မရှိဘူး။ သူများတွေလို အနာတွေမပေါက်ဘူး”ဟု ပြောသည်။
အသားကိုအဓိကထားစားသုံးခြင်းမပြုတဲ့အတွက် အနာ တွေမပေါက်ဘူးလို့ ထင်မိကြောင်း ပြောပြပါတယ်။
အဘွားကနေ့စဉ် မနက်ဆိုလျှင် လက်ဖက်ရည် သို့မ ဟုတ်ကော်ဖီ တစ်ခွက်သာသောက်ပြီး
လာရောက်လှူဒါန်း ထားတဲ့မုန့်များရှိရင် စားသုံးတယ်လို့ဆိုပါတယ်။ ”ပေးလာ
ရင်တော့ စားတယ်၊ ဘာမှမျှော်လင့်ခြင်း တောင့်တခြင်းမရှိ။
ဆီဆားနဲ့စားတာများတယ်။ ဘာမှ အသားငါး မတောင့် တဘူး”။
နေ့လယ်ထမင်းစားချိန်တွင် ဆီ၊ ဆားနှင့်နယ်ထား တဲ့ထမင်းကို ငါးခြောက်
သို့မဟုတ် ပဲနဲ့တွဲဖက်စားသုံးတယ် လို့ ဆိုပါတယ်။
ညနေဘက်မှာတော့ ကော်ဖီတစ်ခွက်သာ သောက်လေ့ရှိပြီး မုန့်ရှိပါက မုန့်နှင့်စားတယ်လို့သိရပါတယ်။
အသက်၁ဝဝကျော်သွားပြီဖြစ်တဲ့အဘွားကို နိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန် ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်တို့မှ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
”၂ဝ၁၅ ခုနှစ်မှာ နိုင်ငံတော်သမ္မတကြီးက အသက် ၁ဝဝကျော်
ဘိုးဘွားတွေကိုဂါရဝပြုမယ်ဆိုတော့ အဘတို့ က လူမှုဝန်ထမ်းကိုတင်လိုက်တယ်။
လူမှုရေးဝန်ကြီးနဲ့အ ဖွဲ့တစ်ဖွဲ့က လာရောက်ကြတယ်။ သမ္မတကြီးကန်တော့တဲ့
ငွေကျပ်နှစ်သိန်း၊ ပြည်ထောင်စုဝန်ကြီးတွေကန်တော့တဲ့ ငွေတွေ၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်လှူတဲ့ငွေ၊ ဝန် ထမ်းတွေစုပေါင်းကန်တော့ငွေ
စုစုပေါင်းကျပ် ၃ သိန်း ၅သောင်းခန့်အဘွားကိုကန်တော့သွားတယ်။ ဝန်ကြီးဦး
အုန်းမြင့်လည်း အသက် ၁ဝဝကျော်အဘွားတွေကို တစ် ယောက်နှစ်သိန်း
ကန်တော့သွားတယ်။ ဒီနေ့ချိန်အထိတော့ လူမှုဝန်ထမ်းက သဘာဝတရား ရိပ်သာကို
အသိအမှတ် ပြုတာ၊ နိုင်ငံတော် ကလစဉ်ပုံမှန် ထောက်ပံ့ကြေး ပေးတာမျိုးတွေ တော့
မရှိသေးပါ ဘူး”ဟု ဦးကျော် အေးက ဆက်လက်ပြောတယ်။
သဘာဝတရားရိပ်သာတွင် လူဦးရေစုစုပေါင်း ၂၂၅ဝ ကျော်နေထိုင်ပြီး အသက်၆ဝမှ
၁ဝဝကျော်ဘိုးဘွား၇၁၄ ဦး၊ ဂီလာနယောဂီ၅၁၆ဦးနေထိုင် ပြီး ဆရာတော်
ဦးဥတ္တမသာရနှင့် အလှူရှင်ဦးကျော်အေး၊ ဒေါ်ခင်ဆွေဦးတို့မှ
ပုံမှန်ထောက်ပံ့လှူဒါန်းနေတယ်လို့သိ ရပါတယ်။
အဘွားဒေါ်ကျင်ဧက
သူမရရှိခဲ့တဲ့အလှူငွေတွေကို တရားရိပ်သာရဲ့ အဆောက်အအုံတွေတိုးချဲ့နိုင်ဖို့
လှူဒါန်း ခဲ့တယ်လို့ဆိုပါတယ်။ ”အဘွားပြန်လှူလိုက်တယ်။ ကျောင်း
ဆောင်ဆောက်ဖို့လှူတာပါ။ အဘွားကအသက်ကြီးပြီ။ တ
ရားပဲအားထုတ်တော့မယ်”ဟုပြောတယ်။
ဘွားသက်ရှည် ဒေါ်ကျင်ဧသည် အနုပညာကိုအလွန် ဝါသနာပါပြီး အသက်၁ဝဝကျော်သည့်အထိတောင် မေခ လာနတ်သမီးလေးအဖြစ် ကပြချင်သေးတယ်လို့ဆိုပါတယ်။
”အဘွားလုပ်ချင်တဲ့ဆန္ဒလေးတော့ရှိပါတယ်။ အဲဒါ မေခလာနတ်သမီးလုပ်တာပဲ။
ဆီးလုံလေး(ခေါင်းဆောင်း) တွေ၊ဘာတွေဆောင်းရတာ။ ကချင်တယ်။ ကိုယ်တိုင်ပေါ့”
အဘွားသည် လူငယ်များအတွက်ဆုတောင်းပေးပြီး လူကြီးသူမများ
ကိုကိုးကွယ်ခြင်းသည်လည်း အသက်ရှည် ခြင်းအကြောင်းတရား
တစ်ခုဖြစ်တယ်လို့ဆုံးမစကားဆိုပါတယ်။ ”ပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊
ဘာဝနာသိဒ္ဓိ၊ ဉာသနာသိဒ္ဓိ၊ ရတနာသိဒ္ဓီတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း
ပေးပါတယ်။ ကောင်းတယ်၊ ကောင်းတယ်။ လူကြီးလူမ တွေကိုးကွယ်..
ကိုယ်လဲအသက်ရှည်တယ်။ သာဓု၊ သာဓု၊ သာဓု”
လက်ရှိအချိန်မှာတော့
အဘွားသည် သဘာဝတရားရိပ် သာ (သန်လျင်)၊ ကျိုက်ခေါက်ဘုရားအလွန်၊ အရှေ့ပိုင်း
တက္ကသိုလ်အနီး၊ ညောင်ပင်မှတ်တိုင်၊ စိန်ပန်းဝါအဆောင် တွင်
ဘိုးဘွားငါးဦးနှင့်အတူနေထိုင်လျက်ရှိပါတယ်။
အသက်၁ဝ၅နှစ်ရှိတဲ့
အဘွားဒေါ်ကျင်ဧနှင့်တစ်ကွ အသက်၁ဝဝရှိသော အဘိုးအဘွားများ၊ အသက်၇၅နှစ်
အထက်အဘိုးအဘွားအားလုံး အပူအပင်ကင်းစင်စွာဖြင့်
ကျန်းမာရေး၊စားဝတ်နေရေးလိုအပ်ချက်များကို နိုင်ငံတော် (သို့မဟုတ်)၊
အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ လစဉ် ပုံမှန်ထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်၍
ရေးသားဖော်ပြပေး လိုက်တာဖြစ်ပါတယ်။
#TheYangonTimes
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment