Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 7, 2015

ကမ္ဘာ့လှည့်ခရီးသွားဖို့ သမီးနှစ်ယောက်ကို ကျောင်းတစ်နှစ်နားလိုက်တဲ့အဖေနဲ့ အမေ




    ဒီရက်ပိုင်းအတွင်းစိတ်မချမ်းသာစရာသတင်းတွေပဲ ကြားနေရလို့  စိတ်ပြေလက်ပျောက် စိတ်ချမ်းသာစရာသတင်းလေးတစ်ပုဒ်ကို ပြန်လည်ဝေမျှ လိုက်ပါတယ်။
    အနောက်ဝေလပြည်နယ်က မိသားစုတစ်စုရဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်လေးတစ်ခုပါ။
ဒုကျောင်းအုပ် ပေါလ်ဒေဗီနဲ့ သူ့ ဇနီး အဒဲလ်တို့ ဟာ နိုင်ငံ၁၂ နိုင်ငံလှည့်ပြီးခရီးသွားဖို့ အတွက် သမီးနှစ်ယောက်ကို ကျောင်းက
တစ်နှစ်ထုတ်လိုက်ပါတယ်။တသက်မှာ တစ်ခါလောက်သာသွားနိုင်မယ့်ဒီခရီးစဉ်အတွက် သူတို့ ဇနီးမောင်နှံ ၉နှစ်လောက်ငွေစုခဲ့ရပါတယ်တဲ့။
သူတို့ ဟာဖလာရီဒါက ဒစ်နေလန်း၊တရုတ်ပြည်ကမဟာတံတိုင်း၊ဗီယက်နမ်၊ကမ္ဘောယားကအန်ကောဝပ်၊ထိုင်း၊လာအို စတဲ့နိုင်ငံပေါင်း၁၂နိုင်ငံကိုလှည့်ခဲ့ပါတယ်။
    အခုအခါအသက် ၄၀ရှိပြီဖြစ်တဲ့မစ္စတာဒေဗီက "ဒီခရီးစဉ်သွားဖို့ အတွက်သမီးတို့ ကို ကျောင်းကတနှစ်နားလိုက်တဲ့ကိစ္စ
ကျနော်က ၀မ်းမနည်းပါဘူး။ဒီလိုသွားခွင့်ရတာကို က ကျနော်တို့ အတွက် ကံကောင်းခြင်းပါ။ သမီးကလေးအရွယ်ထဲက ခရီးသွားဖို့ ငွေစုခဲ့တာပါ"လို့ ပြောပါတယ်။သူတို့  မိသားစုဟာခရီးစဉ်စဆုံး မိုင်သုံးသောင်းလောက်သွားခဲ့ကြပါတယ်။

MP4 YoU

No comments:

Post a Comment