Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

ညအမှောင်ထဲမှာ မြင်နိုင်တဲ့ ဆေးရည်ကို သိပ္ပံပညာရှင်တွေ တီထွင်


အလင်းရောင်းလုံးဝမရှိတဲ့ ညဘက်အမှောင်ထဲမှာ အရာဝတ္ထုတွေကို မြင်စေနိုင်မယ့် ဆေးမင်ရည်တစ်မျိုးကို ကယ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ မှန်ဘီလူးတွေမှာ ညဘက်အခါကြည့်တဲ့ ညမြင်ကွင်း(Night version) ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ညဘက်ကိုမျက်လုံးမြင်စေနိုင်တဲ့ ဒီဆေးရည်ကိုစမ်းသပ်ဖို့အတွက် အမျိုးသားတစ်ဦးနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည်ကို မျက်လုံးထဲ ထိုးသွင်းလိုက်တဲ့အခါ အလင်းရောင်း လုံးဝမရှိတဲ့နေရာမှာတောင် မီတာငါးဆယ်လောက်အထိ ရှေ့ကို မြင်စေနိုင်ပါတယ်။ ဒီဆေးရည်အာနိသင်ဟာ ခုနှစ်နာရီလောက်အထိ ကြာရှည်ခံတယ်လို့ ဆိုပါတယ်။ သစ်ပင်တွေ၊ အရာဝတ္ထုတွေကို အမှောင်ထဲမှာ ထင်ထင်ရှားရှား မြင်နိုင်ကြမှာ ဖြစ်ပါတယ်။
Chlorine e6 လို့အမည်ပေးထားတဲ့ ဒီဆေးရည်ကို ပင်လယ်နက်ဘက်မှာတွေ့ရတဲ့ ငါးမျိုစိပ်ဆီက ရတဲ့စွမ်းရည်နဲ့ တီထွင်ထားတာဖြစ်ပါတယ်။ ဒီငါးတွေဟာ အလင်းရောင်ထုတ်ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။

ဒီဆေးရည်ထိုးပြီး ရက်ပေါင်း ၂၀ လောက်အထိ ဘယ်လိုဘေးထွက်ဆိုးကျိုးမှ မဖြစ်သေးဘူးလို့ ကာယကံရှင်ကပြောခဲ့ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည် တီထွင်မှု အလုံးစုံအောင်မြင်သွားရင်တော့ ညဘက်မှာ အလင်းရောင်မရှိတဲ့ နေရာမှာ လူတွေအခက်အခဲမရှိ လှုပ်ရှားသွားလာနိုင်ပါလိမ့်မယ်။

PlanetMyanmar

No comments:

Post a Comment