Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 26, 2015

မိုးပျံကား

၂၀၁၇ ခုနှစ်တွင် မိုးပျံကားများကို ဈေးကွက်တွင်မြင်တွေ့ ရမည်။
နည်းပညာ၊ မတ် (၂၂) သမန်းကျား

ဆလိုဗားကီးယားကုမ္ပဏီတစ်ခုဖြစ်သော AeroMobil က နှစ်ယောက်စီး၊ တောင်ပံတပ် မိုးပျံကားကို ၂၀၁၇ ခုနှစ်တွင် ဈေးကွက်တွင်း စတင်ဖြန့် ချိသွားမည်ဟု ဆိုသည်။

အဆိုပါ မိုးပျံကားကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပထမဆုံးအကြိမ် ပွဲထုတ်ပြသခဲ့ပြီး လွန်ခဲ့သော ရက် သတ္တပါတ်က AeroMobil ကုမ္ပဏီ CEO က ၄င်းတို့ သည် မိုးပျံကားကို အမြန်ဆုံးဈေးကွက်တင်ရောင်းချတော့မည် ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပြီး မိုးပျံကားလက်တွေ့ ပျံပြနေသော ဗီဒီရိုကိုလည်း စတင်ဖြန့် ချိပြသနေပြီ ဖြစ်ကြောင်း သိရသည်။

မိုးပျံကားတည်ဆောက်မည့် နည်းပညာရှင်များက အမြန်ဆုံးအသင်းအဖွဲ့ ဖွဲ့ ကာ ကားများကိုတည်ဆောက်တပ်ဆင် သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး မိုးပျံကားကို ထုတ်လုပ်ကြေညာရောင်းချသွားမည်ဖြစ်ကြောင်း၊ လေယာဉ်နှင့်ကားနည်းပညာနှစ်ခုကိုပေါင်းစပ်ကာ အများပြည်သူအသုံးပြုနိုင်မည့် မိုးပျံကားများ အမှန်တစ်ကယ် ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း CEO က ဆိုသည်။

ကမ္ဘာ့ပထမဆုံးမိုးပျံကားထုတ်လုပ်ရန် မည်ရွေ့ မည်မျှကုန်ကျမည်ကို တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေး သော်လည်း Tesla ကားတန်ဖိုးနှင့် လေယာဉ်ငယ်တစ်စီး၏တန်ဖိုးအကြားတွင်ရှိမည်ဟု ခန့် မှန်းရပြီး အနာဂါတ်၏ မိုးပျံကားအတွက် သင့်တင့်လျောက်ပတ်သောဈေးနှူန်းဖြစ်သည်ဟု ယူဆရကြောင်း AeroMobil နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောသည်။

ပထမဆုံးထုတ်လုပ်မည့် မိုးပျံကားကို AeroMobil 3.0 ဟု သတ်မှတ်ထားပြီး လီမိုဇင်းကားထက် အရွယ်အနည်းငယ် သေးငယ်မည်ဖြစ်ပြီး အများပြည်သူကြိုက် Transformer ကဲ့သို့  ကားမှလေယာဉ်၊ လေယာဉ်မှကားသို့  အတောင်ပံ ကို ဖြန့် ခြင်း၊ ပြန်သိမ်းခြင်းဖြင့် အသွင်ပြောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ အောက်တိုဘာလကတည်းက AeroMobil ကို ကျွန်တော်တို့ စမ်းသပ်ပျံသန်းနေခဲ့ပါတယ်။ လေထဲမှာ တစ်နာရီကို ၂၀၀ ကီလိုမီတာနှူန်း ရပြီး မြေပေါ်မှာတော့ ၁၃၀ ကီလိုမီတာနှူန်း ရပါတယ်။ ကျွန်တော်တို့  ထုတ်လုပ် ရောင်းချသွားမယ့် AeroMobil 3.0 ကတော့ တစ်နာရီကို ၇၀၀ ကီလိုမီတာ အမြန်နှူန်းရှိမှာပါ ဟု CEO က ပြောပြ သည်။

ဤမိုးပျံကားကိုမောင်းနှင်ရန် လေယာဉ်မောင်းလိုင်စင် လိုအပ်မည်ဖြစ်ပြီး hoverboard ရှပ်ပြေးယာဉ်များ၊ Hologram ကားများသည်လည်း တပြိုင်တည်းလိုလို ခေတ်စားလာမည့် ၂၀၁၇ ခုနှစ်တွင် မိုးပျံကားများကလည်း ကောင်းကင်ယံတွင် နေရာယူလာတော့မည်ဖြစ်ကြောင်း သိရသည်။
Lashio News Diary

No comments:

Post a Comment