Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 26, 2015

လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးကော်မတီက ကနဦးအဖြစ် ဦးရေ ၁၀၀ ၏ ဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်မည်


Thursday, March 26, 2015
ရှစ်လေးလုံးအရေးတော် ပုံနှင့် စစ်အစိုးရအုပ်ချုပ်မှုကာလများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသူများထဲမှ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်၁၀၀ဦးတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်ရပ်များကို စတင်စုံစမ်းမေးမြန်းဖော်ထုတ်မည်ဖြစ် ကြောင်းလူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီမှ သတင်းရရှိသည်။
စစ်အစိုးရ လက်ထက်အ တွင်း လူ့အခွင့်အရေးချိုးဖောက်ခံ ရသူများထဲမှ ကနဦးအဖြစ်ဦးရေ ၁၀၀ တို့၏ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများစတင်စုံစမ်းဖော် ထုတ်မည်ကို မတ်လ ၂၄ရက်က လူ့အခွင့်အရေးချိုးဖောက်မှုဆိုင် ရာစုံစမ်းဖော်ထုတ်ရေးကော်မတီ က မတ်လ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ဒီရက်ပိုင်းအ တွင်း လုပ်ငန်းစမှာပါ။ အဲဒီကာ လတွေတုန်းက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ လူကိုယ် တိုင်ရှိသေးရင် ကိုယ်တိုင်တွေ့ဆုံ ခြင်းလုပ်မယ်။ မရှိတော့ရင်တော့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက တစ်ဆင့် စုံစမ်းဖော်ထုတ်ခြင်းလုပ်မှာပါ’’ ဟု လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာစုံစမ်းဖော်ထုတ် ရေး ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာနအတွင်းရေးမှူး ဒေါက်တာဇော်မြင့်(ဟင်္သာတ)က ပြောသည်။
အဆိုပါကော်မတီမှ စစ်အ စိုးရလက်ထက်အတွင်း ဖြစ်ပေါ်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို ကနဦး စုံစမ်းဖော် ထုတ်မည့် ဦးစားပေးဦးရေ ၁၀၀စာရင်းတွင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ စက်မှုတ က္ကသိုလ်ကျောင်းသားများဖြစ်ကြ သော ကိုစိုးနိုင်၊ ကိုမြင့်ဦး၊ရှစ်လေး လုံးအရေးတော်ပုံအတွင်းကျဆုံး ခဲ့ရသည့် မ၀င်းမော်ဦးတို့ပါဝင်နေသည်။
စစ်အစိုးရ ကာလတစ် လျှောက်လုံးတွင်ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု များကို စုံစမ်းဖော်ထုတ်မှတ်တမ်း တင်မည်ဖြစ်ကာ ပြည်သူလူထု၊ အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာသို့ ယင်းမှတ်တမ်းများဖြန့်ဝေမည်ဖြစ်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီထံမှသိရသည်။
‘‘ကျွန်တော်တို့အနေနဲ့ဒါမျိုး လုပ်ရတာ နောက်ဘယ်အစိုးရ တက်တက် လူ့အခွင့်အရေးချိုး ဖောက်မှုဆိုတာမရှိသင့်ဘူး။ ဒါမျိုး မဖြစ်အောင်ဆောင်ရွက်ရမယ်ဆို တာကိုလည်း သတိပြုစေချင်ပါ တယ်’’ ဟု ဒေါက်တာ ဇော်မြင့် (ဟင်္သာတ)ကဆိုသည်။
ပြီးခဲ့သည့် စစ်အစိုးရလက် ထက်တစ်လျှောက်တွင်ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ်မှတ်တမ်း တင်မည့် လူ့အခွင့်အရေး ချိုး ဖောက်မှုဆိုင်ရာစုံစမ်းရေးကော်မ တီတစ်ရပ်ကို ၁၉၉၀ရွေးကောက် ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေ ပညာရှင်များစုပေါင်းကာ ယခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။
7Day DAILY

No comments:

Post a Comment