အနာဂတ်ကာလမှာ မီးငြှိမ်းသတ်ဖို့အတွက် အသံထိန်းညှိနိုင်တဲ့
စပီကာတစ်လုံးသာ လိုအပ်တယ်ဆိုရင် စိတ်ကူးယာဉ်ဆန်တယ်လို့ ထင်ကြမှာပါ။
အသံလှိုင်းဖြင့် မီးငြှိမ်းသတ်နိုင်တဲ့ သီအိုရီကို နှစ်ပေါင်းအတန်ကြာကတည်းက
စမ်းသပ်လေ့လာခဲ့ကြပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက
၂၀၁၂ ခုနှစ်မှာ သရုပ်ပြခဲ့ပါသေးတယ်။ အခုအခါမှာတော့ အမေရိကန်တက္ကသိုလ်
အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်း အသုံးပြု
လက်ကိုင်မီးငြိှမ်းသတ်ကိရိယာကို ပထမဆုံးအကြိမ်အဖြစ်
မြင်တွေ့ရပြီဖြစ်ပါတယ်။
1
အဆိုပါ မီးငြှိမ်းသတ်ကိရိယာမှာ
မီးငြှိမ်းသတ်ရာတွင် ပုံမှန်အသုံးပြုနေကျ ရေမြှုပ်၊ ပေါင်ဒါမှုန့်
သို့မဟုတ် ရေကို အသုံးပြုမထားဘဲ ကိရိယာကနေ
ကြိမ်နှုန်းနိမ့်တဲ့
အသံလှိုင်းကို ထုတ်လွှင့်ပြီး မီးငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ အသံဖြင့်
မီးငြှိမ်းသတ်နိုင်တဲ့ လက်ကိုင်ကိရိယာ ရှေ့ပြေးနမူနာပုံစံကို
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ ဂျော့ဂ်ျမက်ဆွန်တက္ကသိုလ်က
ကွန်ပျူတာအင်ဂျင်နီယာကျောင်းသား ဗီယက်ထရန်နဲ့လျှပ်စစ်အင်ဂျင်နီယာကျောင်းသား
ဆက်တ် ရောဘတ်ဆန်တို့က ပူးပေါင်းတီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့
တီထွင်လိုက်တဲ့ ကိရိယာဟာမီးငြှိမ်းသတ်တဲ့နည်းလမ်း အပြောင်းအလဲကြီးတစ်ရပ်
ဖြစ်လာနိုင်ပြီး နေအိမ်သုံး မီးငြှိမ်းသတ်ကိရိယာတစ်ခုအဖြစ်
အသုံးဝင်စေမယ်လိုလည်း
သူတို့နှစ်ဦးက မျှော်လင့်ထားကြပါတယ်။
2
တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ မီးငြှိမ်းသတ်ကိရိယာနည်းပညာဟာ
အသံလှိုင်းက အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးနိုင်တဲ့ နည်းလမ်းကို
အခြေခံထားတာ ဖြစ်ပါတယ်။ အသံလှိုင်းက မီးလောင်မှုကို အားပေးတဲ့ အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးလိုက်ခြင်းဖြင့် မီးကို ငြှိမ်းသတ်တဲ့
နည်းလမ်းဖြစ်ပါတယ်။ ၃၀ ကနေ ၆၀ ဟာ့ဇ် အတွင်းသာရှိတဲ့ ကြိမ်နှုန်းနိမ့်
အသံလှိုင်းဟာ မီးလောင်မှုကနေ အောက်ဆီဂျင်ကို ဖယ်ထုတ်ပြီး
မီးငြိမ်းစေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ကျောင်းသားနှစ်ဦး
တီထွင်လိုက်တဲ့ ရှေ့ပြေးနမူနာပုံစံကို အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့
သယ်ဆောင်ရလွယ်ကူတဲ့ အသံလှိုင်းသုံး လက်ကိုင်မီးငြှိမ်းသတ်ကိရိယာတွေ
အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက တီထွင်ခဲ့ဖူးတဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကတော့ အရွယ်အစားကြီးမားတာကြောင့်
သယ်ဆောင်ရမလွယ်ကူပါဘူး။ အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကို အသံလှိုင်းထုတ်လွှင့်စက်၊
အသံထိန်းညှိစက်ငယ်နဲ့ အသံလှိုင်းတွေကို ဦးတည်ရာတစ်ခုဆီ စုစည်းထုတ်လွှင့်ပေးနိုင်အောင် ပုံစံထုတ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။
လတ်တလော စမ်းသပ်ပြသခဲ့တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာက အသေးစား
မီးလောင်မှုတွေကိုသာ ငြှိမ်းသတ်နိုင်သေးပြီး နောက်ပိုင်းမှာ အကြီးစား
မီးလောင်မှုတွေကိုပါ ငြှိမ်းသတ်နိုင်အောင် ဆက်လက်တီထွင်သွားမယ်လို့ သိရှိရပါတယ်။
- CNET
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 28, 2015
အမေရိကန်တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာ
အမေရိကန်တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 28, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment