အမေရိကန်ပြည်ထောင်စု မစ်ချီဂန်တက္ကသိုလ်မှ ပညာရှင်များသည် အရက်သောက်လာသူများ
ကားထဲဝင်လာပြီး မောင်းသူ နေရာတွင် ထိုင်လိုက်သည်နှင့် သွေးထဲတွင်
အရက်ပမာဏများနေပါက ကားစက်နှိုး၍မရစေနိုင်သော သွေးစစ်ဆေးမှုကိရိယာ
ပူးတွဲပါရှိသော ကားတစ်မျိုးကို တီထွင်လျက်ရှိကြောင်း Live Science
သတင်းတွင် ဖော်ပြထားသည်။
လာမည့်နှစ်ပေါင်း ၁၅ နှစ်အတွင်း
အရက်ငွေ့ကို အာရုံခံပြီး ကားစက်နှိုးမှုကို ရပ်တန့်တားဆီးနိုင်သည့်
ပစ္စည်းများကို ကားများ အတွင်း တပ်ဆင်အသုံးပြုနိုင်ရေးအတွက်
ဆောင်ရွက်သွားမည်ဟု တီထွင်သူများက ပြောကြောင်း ယင်းသတင်းကဆိုသည်။
ကားမှောက်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးရခြင်း၏ ၈၅ ရာခိုင်နှုန်းခန့်သည့်
အရက်သေစာများ သောက်စား ထားသည့် အတွက်ဖြစ်နေသောကြောင့်
မကြာမီတန်ဖိုးနည်းသည့် စက်ပစ္စည်းလေးတစ်ခုက ဘဝတစ်ခုလုံးနှင့် တန်ဖိုးရှိသော
ကားတို့ကို ကယ်တင်နိုင်တော့မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင်
လွန်ခဲ့သည့် ၁၅ နှစ် အတွင်း အရက်ကြောင့်ဖြစ်သော ယာဉ်တိုက်မှုများကြောင့်
လူပေါင်း ၅၉၀၀၀ ခန့်သေဆုံးခဲ့ရကြောင်း အမေရိကန် ပြည်သူ့ကျန်မာရေးဂျာနယ်တွင်
ရေးသား ထားသည်။
လာမည့် သုံးနှစ်အတွင်း ကားများတွင်
အရက်စစ်ဆေးသည့်စက်များ တပ်ဆင်ပေးသွားနိုင်ရန် စီစဉ်နေပြီး၊ နောက်ဆုံးထုတ်
ကားတိုင်းတွင်လည်း ယင်းစက်များကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထုတ်လုပ်သွားရန်
စီစဉ်သွားမည်ဟု မစ်ချီဂန် တက္ကသိုလ်မှ သုတေသနအဖွဲ့ခေါင်းဆောင် ပက်ထရစ်
ကာတာကပြောကြားသည်။
ကားမောင်းသူ၏ တည့်တည့်နေရာရှိ
အရက်တိုင်းတာသည့်စက်တွင် အစစ်ခံပြီးမှ ကားကိုစက်နှိုး၍ရနိုင်မည်ဖြစ်ပြီး
အကယ်၍ အရက်ငွေ့များသည် သတ်မှတ်ထားသည့်နှုန်းထက်များလျှင်
ကားစက်လုံးဝနှိုး၍မရနိုင်ကြောင်း၊ မိမိတို့စီစဉ် ဆောင်ရွက်နေမှု များသည်
တန်ဖိုးရှိသော အသက်များ မဆုံးရှုံးစေရေး အဓိကဖြစ်ကြောင်း ကာတာကဆိုသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 28, 2015
မူးလာလျှင် မောင်း၍မရသည့်ကားစနစ်တီထွင်
မူးလာလျှင် မောင်း၍မရသည့်ကားစနစ်တီထွင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 28, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment