CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 30, 2015
တာချီလိတ်၌ ပျောက်သွားသည့် (၆)နှစ်အရွယ် မိန်းကလေး (၄)ရက်မြောက်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် အလောင်းတွေ့ရှိ .
တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက် (၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ (၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိရသော်လည်း သေဆုံးနေကြောင်း သိရသည်။ အသက်(၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ် အမှတ် (၂/၁၇၈)နေတွင် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်က ပျောက်ဆုံးသွား ခဲ့တာဖြစ်ပြီး ၎င်းပျောက်နေမှုနှင့် ပတ်သက်၍ မိသားစုဝင်များမှ ကလေးအား အပူ တပြင်းရှာဖွေခဲ့ကြပေမဲ့လည်း (၄)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းမှာ ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မယ်ဆိုင်ချောင်း ထိုင်းဘက် ကမ်းတွင် သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည်။ "ကလေးရဲ့ လည်ပင်းမှာ ကြိုးချည်ထားတာကို တွေ့ရတယ်၊ သူ့ရဲ့အလောင်းကို အိတ်နဲ့ထည့်ပြီး ချောင်းမှာလာပစ်ထားတဲ့ သဘောပဲ၊ ကလေးအလောင်းထည့် ထားတဲ့ အထုပ်ကို ချောင်းမှာ ရေကစားနေတဲ့ ကလေးတွေက တွေ့တာ.."ဟု အလောင်းအား မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်ပေးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။ "ကလေးရဲ့အလောင်းကို မြန်မာဘက် ကမ်းမှာ တွေ့တာမဟုတ်ဘဲ ထိုင်းဖက်ကမ်း မှာ တွေ့တာဖြစ်တဲ့ အတွက်ကြောင့် မယ်ဆိုင်ရဲကလည်း စစ်ဆေးမှုတွေ လုပ်မယ် ဆိုတာနဲ့ ကျွန်တော်တို့လည်း မယ်ဆိုင်ချောင်းကနေ မယ်ဆိုင်ဆေးရုံမှာ ပို့ပေးထားခဲ့ ပါတယ်.."ဟု အဆိုပါအဖွဲ့မှ ပြောပြသည်။ ကလေးအလောင်းအား စတင်တွေ့ရှိရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ရဲတပ်ဖွဲ့ အပါအ၀င် ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီးနောက် မယ်ဆိုင်ဆေးရုံသို့ သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၀င်များ မှလည်း သွားရောက်ခဲ့ကြသည်။
သတင်းဓါတ်ပုံ-TachileikNewsAgency
တာချီလိတ်၌ ပျောက်သွားသည့် (၆)နှစ်အရွယ် မိန်းကလေး (၄)ရက်မြောက်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် အလောင်းတွေ့ရှိ .
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 30, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 30, 2015
Rating: 5
Subscribe to:
Post Comments (Atom)








No comments:
Post a Comment