Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

အိန္ဒိယစာမေးပွဲတွေမှာ ကျောင်းသားများ ခိုးကူးဖို့ မိဘဆွေမျိုးတွေက ကူညီ

အိန္ဒိယနိုင်ငံမှာ ကျောင်းစာမေးပွဲစစ်ရင် ကျောင်းသားတွေ ခိုးချတက်ကြတာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး ဒီအကျင့်ဟာ ဘယ်လိုမှဖျောက်လို့မရတဲ့ ရောဂါတစ်ခုလို ခေတ်အဆက်ဆက် စွဲကပ်နေတာပါ။ ဘီဟာပြည်နယ်က လုပ်တဲ့ စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုနေကြတဲ့ ကျောင်းသားတွေ ခိုးချနိုင်ဖို့အတို့ မိဘတွေ၊ ဆွေမျိုးတွေက အနောက်ဘက်နံရံကိုတွယ်တက်ပြီး ကိုးကားနိုင်မယ့် စာရွက်စာတမ်းတွေ ပို့ပေးကြပါတယ်။


ဒီဓါတ်ပုံတွေဟာ လူမှုကွန်ယက်မှာလည်း ပျံ့နှံ့လာပြီးတဲ့နောက် အိန္ဒိယအာဏာပိုင်တွေအတွက် အတော်လေး အရှက်ရစရာ ကိစ္စဖြစ်လာခဲ့ရပါတယ်။ ဆယ်တန်းကျောင်းသားတွေ စာမေးပွဲ ဖြေဆိုနေတဲ့ အခန်းအနောက်ဘက် နံရံကနေ ကျောင်းသားတွေရဲ့ ဆွေမျိုးသူငယ်ချင်းတွေက သက်စွန့်ဆံဖျား တွယ်တက်ပြီး ကူညီပေးနေတာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ စာမေးပွဲကို နည်းမျိုးစုံနဲ့ ကူးချနေကြပြီး တားမြစ်မဲ့သူတွေလည်း နည်းပါးနေခဲ့ပါတယ်။ အများကတော့ အိန္ဒိယနိုင်ငံရဲ့ ပျက်ယွင်းနေတဲ့ ပညာရေးစနစ်ဆိုပြီး ဝေဖန်ကြပါတယ်။


ကျောင်းသူတစ်ယောက် စားပွဲအောက်မှာ ကူးချနေတဲ့စာရွက်ကိုတွေ့လို့ စစ်ဆေးရေးအရာရှိက ပါးရိုက်လိုက်တဲ့ ဗီဒီယိုဖိုင်ဟာလည်း ပျံ့နှံ့လျှက်ရှိပါတယ်။ ကျောင်းသားတွေ ခိုးကူးနိုင်ဖို့ မိဘဆွေမျိုးတွေက ပြောင်ပြောင်တင်းတင်း ကူညီနေကြပေမယ့်လည်း ဒါကိုစောင့်ကြပ်နေတဲ့ ရဲသားတွေက တားမြစ်မှုတွေ လုပ်ဖို့ ပျက်ကွက်နေခဲ့တာကြောင့်လည်း ပိုပြီးဝေဖန်ခံနေရပါတယ်။ အခုတော့ ခိုးကူးတဲ့ကျောင်းသား ၅၀၀ ကျော်လောက် ကျောင်းထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

Ref - BBC

No comments:

Post a Comment