Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 9, 2015

လူပြောများနေတဲ့ ခိုင်သဇင်ငုဝါနဲ့ ကယန်းတိုင်းရင်းသူဓာတ်ပုံကိစ္စ

မော်ဒယ်မင်းသမီးငယ် ခိုင်သဇင်ငုဝါက ကယန်းတိုင်းရင်းသူတစ်ဦးနှင့် အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့ရာက မုန့်ဖိုးတစ်သောင်းပေးရသည့်အကြောင်းကို ဓာတ်ပုံများနှင့်တကွ ဖေ့စ် ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုအကြောင်း အရာမှာ လူမှုကွန်ရက်တွင် လူပြောများသည့်အကြောင်းအရာ ဖြစ်နေသည်။

‘‘တစ်သောင်းပေးပြီးရိုက်ခဲ့ရသောပုံများ မနေ့က ကရိဝိက်ရှေ့မှာဓာတ်ပုံရိုက်တုန်း သူနဲ့တွေ့လို့ သြော်..အမှတ်တရဖြစ်အောင်ဓာတ်ပုံလေးတွဲရိုက်လိုက်ပါတယ်။ ရိုက်လို့လည်းပြီးရော မုန့်ဖိုးမုန့်ဖိုးဆိုပြီးပြောတယ်။ ပထမတော့ ဘာပြောမှန်းမသိဘူးပေါ့။ သူ့စကားကိုနားမလည်ဘူး။ ပြီးမှ သေချာပြန်မေးတော့မှ သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့အတွက် သူ့ကိုမုန့်ဖိုးပေးပါတဲ့ သေရော။ အားလုံး ပေါင်းပြီးတစ်သောင်းပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တန်အောင်လို့ Selfie ရော၊ တစ်ယောက်ချင်းစီရော၊ Groupလိုက်ရောရိုက်လိုက်တယ် အေးရော’’ဟူသော စာသားနှင့်အတူ ကယန်းတိုင်းရင်းသူနှင့်တွဲရိုက်ထားသည့်ပုံကို မတ်လ ၆ ရက်ကတင်ခဲ့ရာ ပရိသတ်အချို့က ယင်းသို့ရေးသားခဲ့ခြင်းကို ဝေဖန်ခဲ့ကြသည်။ ထိုရေးသားချက်အောက်တွင် ထောက်ခံ သူများရှိသကဲ့သို့တိုင်းရင်းသားအရေးလှုပ်ရှားသူများက ထိုကဲ့သို့မတင်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ ထိုသို့ဝေဖန်မှုများရှိသော ကြောင့် ခိုင်သဇင်ငုဝါက မတ်လ ၇ ရက်တွင် ၎င်းတင်ထားသည့်ပို့စ်၌ အမှားမပါဟုဆိုကာ စတေးတပ်တစ်ခုထပ်၍တင်ခဲ့သည်။

ခိုင်သဇင်ငုဝါက ယင်းဓာတ်ပုံကိစ္စနှင့်ပတ်သက်၍ ၎င်းအပေါ်အထင်အမြင်လွဲမှားနေကြသူများရှိပြီး ယင်းကို ဟာသအလွဲအနေဖြင့်ရေးတင်ထားခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။
7day daily

No comments:

Post a Comment