ဆီဆာကတ်ရာဇာဘာ တက္ကသိုလ် အဆောက်အအုံတစ်ခုကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- ပန်နိုရာမီ)
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကတ်ခရိုင် ဆီဆာကတ်ရာဇာဘာ တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ကျောင်းသူတစ်ဦးအား အမှတ်ကောင်းကောင်းပေးရန် လိင်ကိစ္စဖြင့်
လဲလှယ်ရေး ကမ်းလှမ်းခဲ့မှုဖြင့် အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရသည်။
တက္ကသိုလ်အုပ်ချုပ်ရေး ကော်မတီ၏ စစ်ဆေးမှုတွင် ကထိက
ချတ်ချိုင်းချိုင်ယိုသာအနေဖြင့် မလျော်မကန် ပြုမူခဲ့ကြောင်း
ခိုင်လုံသည့်အတွက် အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လိင်ကိစ္စနှင့်အလဲအလှယ်လုပ်ရန် ကမ်းလှမ်းခံရသည့် တက္ကသိုလ်ကျောင်းသူက
အဆိုပါဖြစ်စဉ်အား နိုဝင်ဘာ ၂၅ ရက်တွင် အခြား ဆရာတစ်ဦးထံသို့
တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဆရာချတ်ချိုင်းက သူမအား ဟိုတယ်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သောကြောင့် သူမအား လာရောက်ကယ်တင်ရန် ဖုန်းဆက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆရာက သူသင်ကြား စစ်ဆေးရသည့် ဘာသာရပ်တွင် အေအဆင့်ရအောင် လုပ်ပေးရန်
ကျောင်းသူအနေဖြင့် လိင်ကိစ္စဖြင့် လဲလှယ်ရမည်ဖြစ်သည်ဟု ဆွဲဆောင်ခဲ့ကြောင်း
သူမက ပြောကြားခဲ့သည်။
Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, March 8, 2015
စာမေးပွဲ အမှတ်အတွက် လိင်ကိစ္စဖြင့် အပေးအယူလုပ်ရန် ကမ်းလှမ်းမှုဖြင့် ထိုင်းတက္ကသိုလ် ဆရာတစ်ဦး အလုပ်ထုတ်ခံရ
စာမေးပွဲ အမှတ်အတွက် လိင်ကိစ္စဖြင့် အပေးအယူလုပ်ရန် ကမ်းလှမ်းမှုဖြင့် ထိုင်းတက္ကသိုလ် ဆရာတစ်ဦး အလုပ်ထုတ်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment