Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 24, 2015

လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့် ဥပဒေပြဌာန်း



လက်တင်အမေရိကရဲ့ အကြီးဆုံးမြို့တော် Sao Paolo ဟာ လူမြင်ကွင်းမှာ အမျိုးသမီးတွေ မိမိရင်သွေးအား နို့တိုက်ခြင်းကို ဆန့်ကျင်တားဆီးနေတဲ့ အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြတိုက်တွေကို ဒဏ်ရိုက်မယ့် ဥပဒေပြဌာန်းချက် တစ်ခု ချမှတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။Sao Paolo က ယင်းဥပဒေဟာ လူမြင်ကွင်းမှာ ကလေးနို့တိုက်တဲ့ အမျိုးသမီးတွေကို အပြစ်အပေးဆုံး ဖြစ်ခဲ့တဲ့ နေရာနဲ့ ယင်းအပြုအမူ ပြုမူလိုက်တဲ့ အမျိုးသမီးတွေကို “၀စ်စလက်ခတ် ဝတ်စားနေထိုင်သော မိန်းမ” လို့ ခေါ်ဆိုကြတဲ့နေရာတွေမှာ ယင်းဥပဒေအတိုင်း လိုက်နာကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ မိခင်တွေအနေနဲ့ ကိုယ့်ရင်သွေးကို ဘယ်နေရာမှာမဆို မိခင်နို့ချိုတိုက်ကျွေးနိုင်တော့မှာပါ။

Sao Paolo မြို့တော်အစိုးရက ယင်းဥပဒေကို ပြီးခဲ့သည့်အပတ်က သဘောတူထားပြီး ရက်ပေါင်း ၂၀ အတွင်း မြို့တော်ဝန်မှ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ တစ်မြို့လုံးရှိ ကောဖီဆိုင်၊ အရက်ဘားဆိုင်၊ ပြတိုက်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေပေါ် အကျိုးသက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံချက်ကို ဒဏ်ငွေရိုက်ဖို့ အတွက်သာ ပြဌာန်းသတ်မှတ်ခြင်း မဟုတ်ဘဲ လူမြင်ကွင်းမှာ ကလေးနို့တိုက်ခြင်းကို ဗီတိုအာဏာသုံး တားမြစ်ခြင်း ကန့်ကွက်ပိတ်ပင်ထားတဲ့ လူတွေ အသိတရားရစေဖို့ လည်း ရည်ရွယ်တယ်လို့ ကောင်စီဝင် Aurelio Nomura က ပြောတယ်။ မခြေအမြစ်မရှိတဲ့ အစွဲအလမ်း၊ မလိုမုန်းထားခြင်းတွေ အဆုံးသတ်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုထားပါတယ်။

Ref: Metro
Trend Myanmar
 
 
 

No comments:

Post a Comment