Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 7, 2015

ကျောင်းသားသပိတ်နဲ့ညှိနှိုင်းဖို့ သမ္မတကို အဖွဲ့ ၂၃ဖွဲ့ မေတ္တာရပ်ခံ

 

လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးခံနေရတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းရဲ့ ရန်ကုန်သို့ ငြိမ်းချမ်းစွာသွားရောက်ရေး တောင်းဆိုချက် ၈ချက်ကို သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့က ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းပေးဖို့ NNER နဲ့အတူ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းကွန်ရက်တွေက မတ်လ ၇ရက်နေ့မှာ ကြေညာချက်ထုတ် မေတ္တာရပ်ခံလိုက်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအတွက် လေးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းတဲ့ဖြစ်စဉ်ကို ထောက်ခံတဲ့အကြောင်းနဲ့ ဒီလေးပွင့်ဆိုင်ရဲ့ သဘောတူညီထားတဲ့ ရလဒ်တွေ ပြီးဆုံးတဲ့အထိ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့က အထူးအရေးကြီးတဲ့ကိစ္စဖြစ်တဲ့အကြောင်း၊ ရန်ကုန်သို့သွားလိုတဲ့ သပိတ်စစ်ကြောင်းရဲ့ တင်ပြတောင်းဆိုချက် ၈ချက်ဟာ လေးပွင့်ဆိုင်ရလဒ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲံ ဆက်လက်သယ်ဆောင်ဖို့ တရားမျှတတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ပညာရေးဥပဒေပြင်ဆင်ဖို့ လုပ်ကိုင်ဆောင်ရွက်နေသူတွေ၊ ထောက်ခံသူတွေအပေါ် အကြမ်းဖက်ဖြေရှင်းမှုတွေ မလုပ်ဖို့နဲ့ အကြမ်းဖက်ကိုင်တွယ်မယ်ဆိုရင် မမျှော်လင့်နိုင်တဲ့ တင်းမာမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေ အရုပ်ဆိုးအကျည်းတန်းသွားနိုင်မယ်လို့ ရှုမြင်တဲ့အကြောင်း၊ သပိတ်မှောက်ကျောင်းသားတွေနဲ့ ပြေလည်အောင်ညှိနှိုင်းမယ့်ကိစ္စ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး သမ္မတနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေ လက်ပံတန်းသပိတ်စစ်ကြောင်းက ဦးဆောင်သူတွေနဲ့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံချက်ထဲမှာ ဖော်ပြထားပါတယ်။
NNER နဲ့အတူ UNA၊ SNLD၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ မွန်၊ ဇိုမီးနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကယန်းပြည်သစ်ပါတီအပါအဝင် လူမှုရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ကွန်ရက် စုစုပေါင်း ၂၃ဖွဲ့ရဲ့ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။

Kamayut Media

No comments:

Post a Comment