Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

နေစွမ်းအင် လေယာဉ် မန္တလေးကနေ ထွက်ခွာပြီ

လောင်စာဆီ တစ်စက်မှ မသုံးပဲ ပျံသန်းနေတဲ့ Solar Impulse 2 နေစွမ်းအင်သုံး လေယာဉ် (Credit: Reuters) 
မန္တလေးမြို့မှာ ​ခေတ္တနားခဲ့တဲ့ ​Solar ​Impulse ​2 ​နေစွမ်းအင်မောင်း ​လေယာဉ်ဟာ ​ဒီမနက် ​၃ ​နာရီခွဲကျော်မှာပဲ ​မြန်မာနိုင်ငံကနေ ​ထွက်ခွာပြီး ​တရုတ်နိုင်ငံကို ​သွားရောက်နေပါတယ်။

တရုတ်နိုင်ငံ ​အနောက်တောင်ပိုင်း ​ချုံချင် ​(Chongqing) ​မြို့ကို ​သွားရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​နှစ်ရက်လောက်ပဲ ​နားဖို့ ​စီစဉ်ခဲ့ပေမယ့် ​ရာသီဥတု ​အခြေအနေ ​မကောင်းတာကြောင့် ​တပါတ်ကျော်ကြာမှ ​မြန်မာနိုင်ငံကနေ ​ထွက်ခွာနိုင်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ​တရုတ်နိုင်ငံ ​ခရီစဉ်ဟာ ​အခုလောလောဆယ် ​Solar ​Impulse ​2 ​အတွက် ​အခက်ခဲဆုံး ​ခရီးစဉ်ဖြစ်နေတယ်လို့ ​ဆိုပါတယ်။

အဲဒီလေယာဉ်ပေါ် ​လိုက်ပါသွားမယ့် ​Betrand ​Piccard ​ကတော့ ​တောတောင်ထူထပ်တဲ့ ​ယူနန်ပြည်နယ်နဲ့ ​ဆစ်ချွန် ​(Sichuan) ​ပြည်နယ်ကို ​အအေးဒီကရေ ​အနှုတ် ​၄ ​လောက်ရှိတဲ့ ​ရာသီဥတုမှာ ​ဖြတ်ပျံသန်းရမှာ ​ဖြစ်ပါတယ်။

ဒီခရီးစဉ်က ​၁၈ ​နာရီကြာမယ်လို့ ​ခန့်မှန်းနေကြပြီး ​ဝေဟင်ပေါ်မှာ ​ရောက်နေတုန်း ​လေယာဉ်မှူးအနေနဲ့ ​အောက်ဆီဂျင်တွေ ​အသုံးပြုရမယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံကနေ ​တရုတ်နိုင်ငံကို ​တိုက်ရိုက်ပျံသန်းမယ်ဆိုရင် ​စစ်ဖြစ်နေတဲ့ ​ကိုးကန့်ဒေသပေါ်ကိုလည်း ​ဖြတ်ကျော်ရမှာ ​ဖြစ်တယ်လို့ ​အေအက်ဖ်ပီ ​သတင်းမှာ ​ပါရှိပါတယ်။

လောင်စာဆီ ​တစ်စက်မှ ​မသုံးပဲ ​နေစွမ်းအင်နဲ့ ​ကမ္ဘာကို ​ပတ်မယ်လို့ ​စတင်ကြေညာတုန်းက ​လေယာဉ်လောက ​လူတွေ ​ဝေဖန်ခဲ့ကြပေမယ့် ​အခုအခါမှာတော့ ​ကမ္ဘာတဝှမ်းလုံးက ​အားပေးနေကြသလို ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​ချီးကျူးပြောဆိုခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ ​ယူအေအီးနိုင်ငံကနေ ​စတင်ထွက်ခွာပြီး၊ ​အိုမန်နိုင်ငံကို ​ရောက်ရှိခဲ့ပါတယ်။ ​အဲဒီနောက် ​အိန္ဒိယနိုင်ငံ ​Ahmedabad ​မြို့ကို ​ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ​အိန္ဒိယနိုင်ငံ ​ဗရာဏသီမြို့ကနေ ​မန္တလေးမြို့ကို ​ရောက်ရှိလာပြီး ​တရုတ်နိုင်ငံကို ​သွားနေတာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ​ချုံချင် ​မြို့အပြီးမှာတော့ ​နင်ဂျင်းမြို့ကို ​သွားမှာ ​ဖြစ်ပါတယ်။ ​အဲဒီနောက် ​ပစိဖိတ်ကို ​ဖြတ်ကျော်ပြီး ​ဟာဝါအီကျွန်းကို ​သွားမှာဖြစ်တဲ့အတွက် ​နာရီပေါင်း ​၁၂၀ ​ကြာ ​ပျံသန်းရမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment