Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

တိုကျိုမြို့ရှိ အမေရိကန်သံရုံးကို ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး


တိုကျို ၊ ၂၀-၃-၂၀၁၅

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အမေရိကန်သံရုံး ကို ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် အမျိုးသား တစ်ဦးကို ယင်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အိုကီနာဝါကျွန်း မှ မစ်ဆူယိုရှီ ကာမီယာ အမည်ရှိ အသက် ၅၂ နှစ်အရွယ် အမျိုးသားသည် အမေရိကန် သံရုံးကို မတ် ၅ ရက်မှ ၁၄ ရက်အတွင်း ခြိမ်းခြောက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ယင်းသို့ ခြိမ်းခြောက် ခဲ့ရာတွင် တိုကျိုမြို့ရှိ သံရုံးကို သာမက နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်း ပေါ်ရှိ အမေရိကန် အခြေစိုက် စခန်းကိုပါ ဗုံးခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း တိုကျိုမြို့တော် ရဲတပ်ဖွဲ့၏ ပြောကြားချက် ကို ကိုးကား၍ ကျိုတို သတင်းဌာန က ဖော်ပြ ခဲ့သည်။

ဒေသတွင်း သတင်းဌာန များ၏ ဖော်ပြချက်အရ တိုကျိုမြို့ရှိ အမေရိကန် သံရုံးကို အမျိုးသား တစ်ဦးက အသက် အန္တရာယ် ကျရောက် စေမည့် ခြိမ်းခြောက်မှု များကို ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကာရိုလိုင်း ကနေဒီ က ယခု သီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

အလားတူ အိုကီနာဝါကျွန်း ပေါ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တွင်လည်း ခြိမ်းခြောက်မှု များကို လက်ခံရရှိ ခဲ့ကြောင်း ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် အယ်လ်ဖရက် မက်ဂ်လဘီ က ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment