သရုပ်ဆောင်မြတ်သူကျော်ကို တခြားအမျိုးသားတစ်ဦးက နမ်းနေသည့်ဓာတ်ပုံ
နှစ်ပုံအား ဖေ့စ်ဘွတ်ခ် (လူမှုကွန်ရက်စာမျက်နှာ) တွင်
ဖြန့်ဝေခဲ့ခြင်းကြောင့် ထိုသို့ဖြန့်ဝေ ခဲ့သူကို တရားစွဲဆိုရန် ရှေ့နေဖြင့်
စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁ဝပြည့်နှစ်အတွင်းက
သရုပ်ဆောင်မြတ်သူကျော် ပါဝင်ရိုက်ကူးထားသည့် ဓာတ်ပုံနှစ်ပုံကို
လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေခံခဲ့ရခြင်းဖြစ်သည်။
”ဒါက သက်သက်မဲ့
ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တာပါ၊။ အဲဒီအတွက် ဒီပို့စ် တင်ခဲ့တဲ့ Nay Min
Khant၊ Chit Ya Aung ဆိုတဲ့ အကောင့်ပိုင်ရှင်ကို တရားစွဲမှာပါ။
ဓာတ်ပုံမှာပါတဲ့စာသားလို စပွန်ဆာထားတယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဓာတ်ပုံက လုပ်
ငန်းသဘောအရ စားသောက်ရင်း အပျော်ရိုက်ထားတာပါ။ Gay တစ်ယောက်နဲ့ ဖက်ပြီး
ဓာတ်ပုံရိုက်တဲ့ ယောက်ျားတိုင်း Gay မဟုတ်ပါဘူး”ဟု ၄င်းကပြောသည်။
သရုပ်ဆောင် မြတ်သူကျော် နှင့် အမျိုးသားချင်း နမ်းနေသော ပုံတွင် ပါဝင်သူမှာ
၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်တွင် Rich Gems ကြော်ငြာရိုက်ကူးစဉ်
တွင်
ဆုံတွေ့ခဲ့သော ကျော်သူရဆိုသူဖြစ်ပြီး ၄င်းက အဆိုပါ
ဓာတ်ပုံများကိုဖြန့်ဝေခဲ့သည် ဟု ယူဆရကြောင်း၊ ဓာတ်ပုံပါအမျိုးသားနှင့်
လူမှုရေးအရ ပတ်သက်မှုမရှိကြောင်း၊ ဓာတ် ပုံရိုက်ကူးစဉ်တွင်လည်း
တခြားလုပ်ဖော်ကိုင်ဖက်များ အတူရှိနေကြောင်း၊ တရားစွဲဆိုရန် လည်း
သက်သေများစုဆောင်းထားပြီးဖြစ်ကြောင်း သရုပ်ဆောင် မြတ်သူကျော်ကဆိုသည်။
အဆိုပါဓာတ်ပုံကို ၂ဝ၁၃ ခုနှစ် ဝန်းကျင်တွင် ပထမအကြိမ်လူမှုကွန်ရက် စာမျက်
နှာတွင် ဖြန့်ဝေခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင် မြတ်သူကျော်၏
ပထမဆုံးစပွန်ဆာဆိုသည့် စာသားပါပုံကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်မြတ်သူကျော်အနေဖြင့် အဆိုပါဓာတ်ပုံကို မြတ်သူကျော်နှင့် သူ၏
ချစ်ချစ် စာသားနှင့် တွဲဖက်ဖြန့်ဝေခဲ့သည့် Myanmar Celebrities.com
စာမျက်နှာကို လည်း ဓာတ်ပုံအားပြန်ဖျက်၍ မတောင်းပန်ပါက တရားစွဲဆို သွားမည်
ဖြစ်ကြောင်း သရုပ် ဆောင် မြတ်သူကျော်က ဆိုသည်။
စုသက်နှင်း (မြစ်မခ)
စုသက်နှင်း (မြစ်မခ)
#TheFlowerNews
YangonMediaGroup
www.yangonmedia.com
http://celebrities.com/
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment