![]() |
| ဘိန်းခင်းတစ်ခင်းပုံ။ Photo: Nay Thwae/RFA |
အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့တဲ့ နိုင်ငံတကာမူးယစ် တိုက်ဖျက်ရေး နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားအစိုးရတွေဟာ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သူတို့ပေးခဲ့တဲ့ ကတိတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဖေါ်ပြထားပါတယ်။
အခုလို ထိရောက်စွာ ဆောင်ရွက်ခြင်းမရှိပေမယ့် သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံအစိုးရ အနေနဲ့ နိုင်ငံရေးပြုပြင်မှုတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ထားတာ သုံးနှစ်ရှိပြီလို့လည်း ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးက အာဖဂန်နစ္စ တန်နိုင်ငံဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese

No comments:
Post a Comment