Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

Like နှင့် Comment များများ မရမှာ တွေးပူတတ်သူများသည် စိတ်မလုံခြုံမှု ဝေဒနာ ခံစားနေရသူများဖြစ်

ချမ်းမြေ့
လန်ဒန် ၊ ဖေဖော်ဝါရီ ၁၃
            ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံ သို့မဟုတ် စာသား တစ်ခုခု တင်လိုက်ပြီး ဆိုဒ်ကို မကြာခဏ ၀င်ကြည့်ကာ Like နှင့် Comment အရေအတွက် မည်မျှရှိသည်ကို စစ်ဆေးတတ် နေပါသလား။ ထိုကဲ့သို့ အပြုအမူမျိုး သည် ဆက်ဆံရေးတွင် မလုံခြုံသည့် ခံစားချက် ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ပြီး တခြား သူများ၏ အာရုံစိုက်မှုကို လိုလား ငတ်မွတ်နေသူတို့၏ လက္ခဏာ ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
            အခြားသူများက ကိုယ့်ကို အရေးမပေးမှာ စိုးရိမ်စိတ် ကြီးသူများသည် ဆိုရှယ် မီဒီယာပေါ်မှာ Like များများရအောင်၊ Comment များများရအောင် ပိုအားထုတ် တတ်ကြကြောင်း စစ်တမ်းက ဆိုသည်။ လေ့လာမှု စစ်တမ်းကို နယူးယောက်မြို့၊ ရှန်နက်တက်ဒီရှိ ယူနီယံ ကောလိပ်မှ သုတေသန ပညာရှင်များ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
             လေ့လာတွေ့ရှိချက်ကို Personality and Individual Differences  ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထား သည်။ ဖေ့စ်ဘွတ်ခ် စွဲလမ်းသူများကို စိုးရိမ်သောက များတတ်သူများနှင့် အလွန် စိတ်ကူးယဉ် တတ်သူများဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ ငြင်းပယ်ခံရခြင်းကို ကြောက်ရွံ့တတ်သူများသည် လူမှုကွန်ရက်ပေါ်တွင် သူတစ်ပါး၏ တုံ့ပြန်မှုကိုသာ ရှာရင်း အချိန်ကုန်လေ့ ရှိကြောင်း လေ့လာမှုများ အရ သိရှိရသည်။
              ဆက်ဆံရေးတွင် မလုံခြုံသလို ခံစား နေရသူများသည် လူမှုကွန်ရက် ဆိုဒ်များကို အသုံးများပြီး တခြားသူများ အာရုံစိုက်လာစေရန် ရည်ရွယ်ပြီး Wall ပေါ်တွင် မကြာခဏ ပို့စ်တင်ခြင်း၊ အခြားသူများကို အလွန်အကျွံ Comment   လိုက်ပေးခြင်း၊ မသက်ဆိုင်ပါဘဲ Like လုပ်ခြင်းများကို လုပ်တတ်ကြကြောင်း စစ်တမ်းက ဆိုသည်။
               ဖေ့စ်ဘွတ်ခ်ပေါ်တွင် မိမိကိုယ်ကိုယ် ရိုက်ထားသော ဓာတ်ပုံများ အတင်များခြင်းနှင့် ကိုယ့်ကိုယ်ကို အတွက်သာ ဦးတည်သော Status စာသားများသည် အရင်ကထက် ပိုပြီး အတ္တကြီး လာသည်ကို ညွှန်ပြနေသည်။ ဆိုရှယ် မီဒီယာများကြောင့် လူများသည် လွန်ခဲ့သည့် နှစ်တစ်ရာက ထက်ပိုပြီး ယနေ့အချိန်မှာ ကိုယ့်ကိုယ်ကိုသာ အာရုံထားမှု ပိုများလာကြောင်း သုတေသီများက ဆိုထားသည်။ 
  Source: Daily Mail
http://www.messengernewsjournal.com/General/Eventure/detail.php?id=32157

No comments:

Post a Comment