CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 24, 2015
ဖုန်းပိုင်ရှင်ရေချိုးနေတာကို ထိုဖုန်းနဲ့ပဲ ဓါတ်ပုံခိုးရိုက်ပြီး Facebook တင်ခဲ့တဲ့ ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူး
ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူးတစ်ယောက်ဟာ အမျိုးသမီးတစ်ဦး ရဲ့ နေအိမ်အတွင်း ဖောက်ထွင်း ၀င်ရောက်ခဲ့ပြီး ထိုအမျိုးသမီးရဲ့ ဖုန်းကိုခိုးယူကာ ထိုအမျိုးသမီး ရေချိုးနေတာကို ဓါတ်ပုံတွေ ရိုက်ကူးလို့ Facebook ပေါ် Post လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖလော်ရီဒါပြည်နယ် ၊ Alamonte Springs မြို့မှာရှိတဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက အနီရောင်အဆင့် နဲ့ သတိပေးထားပါတယ်။ ထို အနီရောင်အဆင့် သတိပေးခံထားရတဲ့ ဖောက်ထွင်းဝိဇ္ဖာဟာ အိမ်တွေကို ဖောက်ထွင်း ၀င်ရောက်ပြီး မိမိကိုယ်ကိုလည်း စိတ်ဖြေတတ်တဲ့(Masturbates) အကျင့်လည်း ရှိတယ်လို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ Rob Pelton က “လူတစ်ယောက်ရဲ့ ဖုန်းကို ခိုးယူပြီး အဲဒီဖုန်းနဲ့ပဲ ဖုန်းပိုင်ရှင် ရေချိုးနေတာကို ဓါတ်ပုံခိုးရိုက်ပြီး Facebook ပေါ် Post လုပ်တာမျိုး တစ်ခါမှ မကြားဖူးပါဘူး။ အားလုံးပဲ မိမိရေချိုးနေတုန်းမှာ မိမိနေအိမ်ထဲ တစ်ယောက်ယောက် ရောက်မနေဖို့ ကို အထူးသတိရှိကြပါ” လို့ ထိုအမှုနဲ့ ပတ်သက်ပြီး ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဘလော့ ၂ ခုကျော်က တိုက်ခန်းတစ်ခုမှာ တွေ့ရတဲ့ သူစိမ်းတစ်ယောက်ကို သံသယ ရှိတဲ့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
http://www.trend.com.mm/2015/02/23/news-5872
ဖုန်းပိုင်ရှင်ရေချိုးနေတာကို ထိုဖုန်းနဲ့ပဲ ဓါတ်ပုံခိုးရိုက်ပြီး Facebook တင်ခဲ့တဲ့ ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 24, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment