Benji Madden ဟာ Cameron Diaz အပေါ်ထားတဲ့ သူ့ရဲ့ အချစ်တွေဟာ ဘယ်တော့မှ မဆုံးတဲ့ အကြောင်း ကို သူ့ရဲ့ ရင်ဘတ်မှာ Cameron Diaz ရဲ့ နာမည်ကို တက်တူးထိုးပြီး သက်သေပြလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ရော့ခ်အဆိုတော်ဟာ အသက် ၄၂ နှစ်အရွယ် ဟောလီးဝုဒ် မင်းသမီးကို ပြီးခဲ့တဲ့လကပဲ လက်ထပ်ပြီးတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်မှာ Cameron Diaz ရဲ့ နာမည်ကို သေရာပါအောင် ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ကဗျာဆန်တဲ့ ချစ်ခြင်းကို အဆင့်တက်စေခဲ့ပါတယ်။
Benji ဟာ လက်ရှိမှာ သြစတြေးလျကို ရောက်ရှိနေပြီး Cameron ကတော့ အမေရိကမှာပဲ သူမရဲ့ အလုပ်တွေအတွက် ဆက်လက် လုပ်ဆောင်လျှက် ရှိနေပါတယ်။ သူတို့ဟာ ဘယ်လောက်ပဲ အလုပ်ရှုပ် နေပါစေ။ မိသားစု ဘ၀တစ်ခုကို တည်ထောင်နိုင်ဖို့အတွက်တော့ မျှော်လင့်နေကြပါတယ်။
သူတို့စုံတွဲဟာ ဇန်န၀ါရီ ၅ ရက်နေ့ကပဲ Cameron Diaz ရဲ့ Beverly Hills ကနေအိမ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ လက်ထပ်ခဲ့ချိန်မှာတော့ သူတို့ရဲ့ ချစ်သူ သက်တမ်း ၈ လ ရှိခဲ့ပါပြီ။
Ref:mirror.co.uk
Mario
http://www.trend.com.mm/2015/02/24/news-5886
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, February 25, 2015
Cameron Diaz ရဲ့ နာမည်ကို ရင်ဘတ်မှာ တက်တူးထိုးလိုက်တဲ့ Benji Madden
Cameron Diaz ရဲ့ နာမည်ကို ရင်ဘတ်မှာ တက်တူးထိုးလိုက်တဲ့ Benji Madden
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 25, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment