ပရိသတ်တွေဟာ သူ့ရဲ့ အပြုံးကို စွဲလန်းကြသလို အားကောင်းလှတဲ့ အကြည့်ချိုချို တို့ကြောင့် ဆယ်ကျော်သက် နှုန်ခမ်းနီမလေးတွေရဲ့ နှုတ်ခမ်းဖျားမှာ သားငယ်ဆိုတဲ့ ဟိန်းဝေယံက ခုချိန်ထိ နေရာယူထားဆဲပါ။ သူနဲ့တွေ့ဆုံခိုက် ၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီးအနေနဲ့ ဖန်တီးဖို့ရှိတဲ့ အကြောင်း မေးကြည့်တဲ့အခါမှာတော့ “ကျွန်တော်ကားကြီး ရိုက်ဖို့ စီစဉ်ထားတယ်။ ၂ ကား ( သို့ ) ၃ ကားလောက် တော့ ရိုက်ဖြစ်မယ်။ တစ်ကားက ၄လပိုင်း စရိုက်မယ်။ ဒါရိုက်တာက ကိုပြည်ဟိန်းသီဟ၊ မင်းသမီးက ရွှေမှုန်ရတီပါ။ အဲ့ဒါက သေချာပါပြီ ဟာသကားလေးပေါ့။ နောက်ကျတော့ ကိုဝိုင်းကို ၂ကားပြောထားတယ်။ ဒါပေမဲ့ သူက ပြင်ဆင်ချိန် အရမ်းယူတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့တွက် တစ်ကားလောက်တော့ ရနိုင်တယ်လို့ပြောပါတယ်။ ဒီနှစ်ထဲမှာ ကိုဝိုင်းနဲ့လဲ တစ်ကားလောက် ရိုက်ဖြစ်မယ်ထင်ပါတယ်။ နောက် ဒါရိုက်တာ တစ်ယောက်ကိုလဲ ပြောထားပါသေးတယ်။ ဇာတ်လမ်းတွေ၊ အတိအကျသိရမယ်ဆို ထပ်ပြီး ပြောပြပါ့မယ်။ အခုနောက်ပိုင်းမှာ ဗီဒီယိုကားထက်ကို ရုပ်ရှင်ကားကြီးကို ပိုပြီး ရိုက်ချင်နေပါတယ်။ ပရိသတ်တွေ ဖြစ်စေချင်တဲ့အတိုင်း ဇာတ်ကားတွေမကျဲတော့အောင်လဲကြိုးစားသွားပါမယ်”လို့ သူက ပြောပြသွားပါတယ်။
ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး သူပြောသွားတာက “အချစ်ရေးက မရှိတာတော့ မဟုတ်ဘူး။ ဒီအသက်အရွယ် လူငယ် တစ်ယောက်လဲ ဖြစ်တဲ့အခါကျတော့ အချစ်ရေးက မရှိဘူး မဟုတ်ဘူး။ နည်းနည်း အီစီကလီလေးတွေတော့ ရှိတာပေါ့”တဲ့။
ဟိန်းဝေယံဟာ ၂၀၁၅ ထဲမှာ ဘန်ကောက်ကို Medical Check Up အနေနဲ့ရော၊ shopping နေနဲ့ပါသွားဖို့ရှိတယ်လို့ပြောပြခဲ့တဲ့အပြင် ဂီတဘက်ကို လှည့်နိုင်ဖို့အတွက်လည်း သီချင်းတွေ ၀ယ်စုထားတာ ရှိပါတယ်လို့ ဆိုသွားပါတယ်။
ခင်ဆွေသက်
http://www.trend.com.mm/2015/02/24/yollywood-5877
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, February 25, 2015
အချစ်ရေးက အီစီကလီလေးတွေတော့ ရှိပါတယ်လို့ ၀န်ခံလိုက်တဲ့ ဟိန်းဝေယံ
အချစ်ရေးက အီစီကလီလေးတွေတော့ ရှိပါတယ်လို့ ၀န်ခံလိုက်တဲ့ ဟိန်းဝေယံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment