Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

အာရှတစ်ခွင် တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ရာ သိုးနှစ်နှင့်ဆိတ်နှစ် မသဲမကွဲဖြစ်ပွား။

Lashio News Diary

အာရှတစ်ခွင် တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ရာ သိုးနှစ်နှင့်ဆိတ်နှစ် မသဲမကွဲဖြစ်ပွား။
ဆောင်းပါး၊ ဖေဖော်ဝါရီ ၁၉၊ သမန်းကျား

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးကို ကမ္ဘာတ၀န်းက တရုတ်လူမျိုးတွေ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ကြပြီး ထူးထူးခြားခြား မှတ်တမ်းတင်စရာလေးတွေ ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး လူသားပြောင်းရွှေ့ မှုကြီး လို့ တင်စားခေါ်ဝေါ်ရလောက်အောင် တရုတ်နှစ်သစ်ကူးမှာ ခရီးသွားကြ တဲ့လူဦးရေ များပြားပါတယ်။

ရပ်ဝေးကနေ နေအိမ်ကိုပြန်လာကြသူတွေရှိသလို ကိုယ့်အိမ်၊ကိုယ့်တိုင်းပြည်မှာ နှစ်ကူး ရတာ ကြာလာလို့  နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း နှစ်ကူးကြသူတွေလည်း ရှိလာလို့ ဖြစ်ပါတယ်။ တရုတ် တစ်နိုင်ငံထဲမှာကို လေယာဉ်၊ရထား၊ကားစီးခရီးသည်ဦးရေဟာ ရက် ၄၀ အတွင်းမှာ ၃ ဘီလီယံခန့် ရှိခဲ့ပါတယ်။ နိုင်ငံသားတွေထဲမှာ တရုတ်လူမျိုးအများစုဖြစ်တဲ့ ထိုင်ဝမ်၊ စင်္ကာပူနဲ့ မလေးရှားတို့ မှာလည်း ဒီနေ့ ဟာ ပြန်တမ်းဝင် ရုံးပိတ်ရက်ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ခရီးသွားဦးရေဟာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ပါတယ်။

သိုးနှစ်လား ဆိတ်နှစ်လားဆိုတာ မသဲမကွဲဖြစ်နေပါတယ်။ တရုတ် ၁၂ရာသီဂြိုလ်ခွင်မှာ အမှတ်စဉ် (၈) ကျတဲ့ သတ္တ၀ါ ဟာ Yang ဖြစ်ပါတယ်။ Yang ဆိုတာ ‘အသံတအက်အက်မြည်သော၊ ခွာပါသော၊ မြက်စားသောသတ္တ၀ါ’ လို့ ပဲအဓိပ္ပါယ်ထွက်ပါတယ်။ သိုးနဲ့ ဆိတ်ကို ခွဲခြားဖော်ပြခြင်းမရှိဘဲ Yang လို့ ပဲခေါ်တဲ့ တရုတ်လူမျိုးတွေအတွက် ဒီနှစ်ကို Yang နှစ်လို့ ပြောရတာ ပြဿနာမဟုတ်ပေမယ့် အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ အခက်တွေ့ တာ ဖြစ်ပါ တယ်။ တရုတ်အစိုးရက ကမ္ဘာကသိအောင် အင်္ဂလိပ်လို ကြေညာချက်မထုတ်ပြန်ခင်မှာ သိုးနှစ် (Year of Sheep) လို့ ခေါ်မလား ဒါမှမဟုတ် ဆိတ်နှစ် (Year of Goat) လို့ ခေါ်မလားဆိုတာကို ရက်ပေါင်း များစွာ ခေါင်းခြင်းဆိုင် တိုင်ပင်ခဲ့ကြရပါတယ်။

၁၂ ရာသီဂြိုလ်ခွင်တွေမှာကို နှစ်မျိုးဖြစ်နေတာပါ။ တစ်ချို့ မှာ Yang ဆိုပြီး ဆိတ်ပုံပြထားပြီးတော့ တစ်ချို့ မှာ သိုးပုံ ပြထားပါတယ်။ ကျွန်တော်ကတော့ သိုးကိုပိုချစ်လို့  သိုးနှစ်လို့ ပဲ ခေါ်စေချင်ပါတယ်လို့  ပေကျင်းမြို့ ပေါ်က ရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ အများဆုံးတွေ့ ရတာ ဆိတ်ဖြစ်တဲ့အတွက် ဒီနှစ်ဟာ ဆိတ်နှစ်ဖြစ်ရမယ်လို့  အငြင်းပွားမှုတွေလည်း ရှိပါတယ်။ သို့ သော်ငြားလည်း နေရာအနှံ့ အပြားမှာ သိုးပုံတွေနဲ့ ပဲ အလှဆင်ထားကြပြန်ပါတယ်။

သိုးနှစ်၊ဆိတ်နှစ်မှာ မွေးဖွားတာ ကံဆိုးတယ်လို့  အယူသည်းကြပါတယ်။ ၁၉ ရာစုနှစ်က မင်းဧကရာဇ် Dowager Cixi နဲ့  အဆင်ြ့မင့်အရာရှိတွေဟာ ရန်သူတွေရဲ့ ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ သူတို့ အားလုံးက သိုးနှစ်နဲ့ ဆိတ်နှစ် တွေမှာ မွေးဖွားခဲ့သူတွေဖြစ်နေတာကို အစွဲပြုပြီး သိုးနှစ်၊ဆိတ်နှစ်မှာ မွေးဖွားရင် ကံဆိုးတယ်လို့  အယူသည်းခဲ့ကြ တာ ဖြစ်ပါတယ်။ ဒီနှစ်မှာ မွေးဖွားတဲ့သူတွေဟာ လူလိမ်တွေဖြစ်ပြီး သူတို့ ကို ယုံလို့ မရဘူးလို့ လည်း ပြောစမှတ် ပြုကြပါတယ်။

မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ မဖောက်ဖို့  အစိုးရကတိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံတ၀န်း လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေတဲ့အတွက် ဗြောက်အိုးတွေမဖောက်ခြင်းဖြင့် ကူညီဖို့  တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံတ၀န်းမှာ ဗြောက်အိုးဖောက်သံတွေ ထူးထူးခြားခြား ငြိမ်သက်နေခဲ့ပါတယ်။

မြို့ ကြီးအများစုမှာ နှစ်ကူးအခမ်းအနားကို ပမာဏလျော့ချပြီး ကျင်းပခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နှစ်သစ်ကူးတုန်းက ရှန်ဟိုင်းနှစ်ကူးအခမ်းအနားမှာ ရုတ်ရင်းဆန်ခတ်ဖြစ်ပွားပြီး လူနင်းမိလို့  ၃၆ ဦးသေဆုံးခဲ့တဲ့အတွက် ဒီနှစ်မှာ ရှန်ဟိုင်းအပါအ၀င် မြို့ ကြီးအတော်များများမှာ နှစ်ကူးအခမ်းအနားကို ပမာဏလျော့ချပြီး ကျင်းပခဲ့ပါတယ်။

ဟောင်ကောင်မှာတော့ ဒီနှစ်ကို သိုးနှစ်လို့  တရားဝင်ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ကပဲ ဒီနှစ်ကို သိုးနှစ်အဖြစ် သတ်မှတ်ကြောင်း ဟောင်ကောင်အစိုးရမီဒီယာတွေကနေ ကြေညာချက်ထုတ်ပြန်ခဲ့သလို ခေါင်းဆောင်ကြီး CY Leung ကလည်း အရင်နှစ်က ပဋိပက္ခတွေကို ခ၀ါချပြီး သိုးကလေးတွေလို သိမ်မွေ့ စွာ နေထိုင်သွားကြဖို့  ပြည်သူ လူထုကို တိုက်တွန်းခဲ့ပါတယ်။ ဟောင်ကောင်ရဲ့  ဒီမိုကရေစီအုပ်ချုပ်ရေးကို ကူးပြောင်းရာမှာ ရွေးကောက် တင်မြှောက်ရမယ့်သူတွေကို တရုတ်နိုင်ငံက စိတ်ကြိုက်ရွေးချယ်မယ်ဆိုခဲ့တဲ့အတွက် လပေါင်းများစွာ သပိတ်မှောက် ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့တာပါ။

ကမ္ဘာတ၀န်းမှာ သိုးနှစ်နဲ့ ဆိတ်နှစ် မသဲမကွဲဖြစ်နေပေမယ့် တရုတ်လူမျိုးတွေအတွက်တော့ Yang နှစ်လို့ ခေါ်ရင် အဆင်ပြေနေပြီး ဗြောက်အိုးဖောက်သံ တိတ်ဆိတ်နေတဲ့ ကမ္ဘာ့အကြီးဆုံးလူသားပြောင်းရွှေ့ မှုကြီးလို့ လည်း တင်စားခေါ်ဝေါ်ကြတဲ့ တရုတ်နှစ်သစ်ကူးနေ့ အကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment