CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 24, 2015
ကမ္ဘာ့ အိမ်ထောင်ရေး ဖောက်ပြန်မှု အများဆုံး နိုင်ငံများ
The Richest လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ဟာ ဒိတ်လုပ်တဲ့ ၀က်ဘ်ဆိုက်တွေ ၊ လိင်ကိစ္စ ချိန်းဆိုတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ Durex ကွန်ဒုံး ကုမ္မဏီကရတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး အိမ်ထောင်ရေးမှာ သစ္စာမရှိဆုံး နိုင်ငံတွေရဲ့ စာရင်းတွေကို ပြုစုခဲ့ပါတယ်။ ကမ္ဘာ့သစ္စာမရှိဆုံး နိုင်ငံတွေကတော့ -
၁ ။ ထိုင်းနိုင်ငံ ( ၅၆ ရာခိုင်နှုန်း)
မယားငယ်ထားခြင်းကို ဓလေ့တစ်ခုသဖွယ် ကျင့်သုံးနေကြပြီး လိင်ကိစ္စကို အခကြေးငွေ နဲ့ ရောင်းချမှု( ပြည့်တန်ဆာ လုပ်ငန်း ) အကြီးမားဆုံး နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ အိမ်ထောင်ရေးမှာ သစ္စာအဖောက်ဆုံး နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူငယ်မျိုးဆက်တွေကပါ အိမ်ထောင်ရေးမှာ မိမိရဲ့ လက်တွဲဖော်အပြင် နောက်တစ်ယောက် ထပ်မံ ရှိနေခြင်းကို နှစ်သက်လာကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ အနှိပ်ခန်း ၊ ညကလပ် နဲ့ ပြည့်တန်ဆာ ခန်းတွေ အပေါများဆုံး နိုင်ငံလည်း ဖြစ် ပါတယ်။
၂။ ဒိန်းမတ် ( ၄၆ ရာခိုင်နှုန်း )
တိုင်းသူပြည်သားတေါရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတဲ့ တရားသူကြီးတွေ ရှိတယ်လို့ နာမည်ကြီးတဲ့ ဒိန်းမတ်နိုင်ငံ ရဲ့ လူဦးရေ ၃ ပုံ ၁ ပုံ ဟာ သူတို့ရဲ့ လက်တွဲဖော်တွေကို သစ္စာမရှိကြတာကိုတွေ့ရပါတယ်။ လက်ထပ်ပြီးသား လူဦးရေရဲ့ တစ်ဝက်ခန့်ကလည်း သူတို့ ဖောက်ပြန်ခဲ့တဲ့အကြောင်းကို ၀န်ခံထားကြပါတယ်။
၃။ အီတလီ ( ၄၅ ရာခိုင်နှုန်း )
မိန်းမ ရာပေါင်းများစွာနဲ့ အိပ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ Giacomo Casanova ရဲ့ အီတလီနိုင်ငံဟာ ကမ္ဘာ့ အိမ်ထောင်ရေး အဖောက်ပြန်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ အခု နောက်ပိုင်းမှာလည်း ကွာရှင်းပြတ်စဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတာကိုတွေ့ရပါတယ်။
၎။ ဂျာမနီ ( ၄၅ ရာခိုင်နှုန်း )
ဂျာမနီတွေနဲ့ ပြင်သစ်တွေဟာ အိမ်ထောင်ရေး ဖောက်ပြန်ကျရာမှာတော့ တူညီတဲ့ အနေအထားတွေရှိကြပါတယ်။
၅။ ပြင်သစ် ( ၄၃ ရာခိုင်နှုန်း )
ပြင်သစ်နိုင်ငံသားတွေဟာ အမြဲတမ်း လွတ်လပ်တဲ့ စိတ်နေသဘောထား ရှိသူတွေဖြစ်ပြီး နှလုံးသားရဲ့ အလိုအတိုင်း ဆောင်ရွက်တတ်သူတွေဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံမှာ နေထိုင်သူအများစုဟာ ထိုကဲ့သို့ အိမ်ထောင်ရေး ဖောက်ပြန်ချင်းကို လက်ခံနိုင်စွမ်း ရှိကြပြီး အရွယ်ရောက်ပြီးသူ ၂၈ ရာခိုင်နှုန်းသာလျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကို လက်မခံ တာဖြစ်တယ်လို့ သိရပါတယ်။
Credit: Trend Myanmar
ကမ္ဘာ့ အိမ်ထောင်ရေး ဖောက်ပြန်မှု အများဆုံး နိုင်ငံများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 24, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment