![]() |
| ဓာတ်ပုံ – dailynews.co.th |
ဖေဖော်ဝါရီလ ၂၂ ရက်က ထိုင်းနယ်စပ်ကနေ ဘန်ကောက် ပထုန်ဌာနီခရိုင်ကို ဦးတည်သွားမယ့် မြန်မာနိုင်ငံသား စုစုပေါင် ၆၈ ဦးကို ချိုင်းနတ်ခရိုင် မနိုလုမ်းမြို့နယ် တေချနန်းကျေးရွာအုပ်စု အာရှလမ်းမကြီး ကီလိုတိုင်အမှတ် ၁၄၉ မှာ ဖမ်းမိခဲ့တာလို့ မနိုလုမ်းမြို့နယ် ရဲစခန်းက တာဝန်ကျစခန်းမှူး ဂျေစဒါး ဆူမ်နတ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူတို့အားလုံးဟာ တာ့ခရိုင် မဲဆောက်မြို့ကနေ ဘန်ကောက်အတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ဖစ်ပြီး တဦးကို ဘတ် ၁၂၀၀၀ နှုန်းစီနဲ့ သယ်ဆောင်ခဲ့တာလို့ ကားသမားတဦးက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမ၀င် ၀င်ရောက်လာသူအားလုံးနဲ့ သယ်ဆောင်လာသူ ထိုင်းလူမျိုး ၂ ဦးကိုပါ တရားဥပဒေအရ အရေးယူသွားမယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/82848


No comments:
Post a Comment