ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အလှမယ်ပြိုင်ပွဲဟု ဆိုနိုင်သော Miss Universe
မယ်စကြာဝဠာပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံအဖြစ် လာမည့်နှစ်တွင်
လက်ခံကျင်းပပေးရန် မြန်မာနိုင်ငံအား တရားဝင် ကမ်းလှမ်းခဲ့ကြောင်း
သိရှိရပါသည်။ပြီးခဲ့သော ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် ၆၃ ကြိမ်မြောက်
မယ်စကြာဝဠာပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သော မြန်မာအလှမယ်
သျှားထွဋ်အိန္ဒြာနှင့် အတူလိုက်လာသော မြန်မာနိုင်ငံ ဒါရိုက်တာ
ဒေါ်စိုးယုဝေအား မယ်စကြာဝဠာအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ပေါ်လာ အမ် ရှူးဂတ်နှင့်
ဘဏ္ဍာရေးဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ လယ်ရီ ပါရာတို့က ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်း
ဖြစ်ပါသည်။
“ဒါဟာ နိုင်ငံတိုင်းက အငမ်းမရ လိုချင်နေကြတဲ့ အခွင့်အလမ်းမို့ ကျွန်မတို့
အလွန်ကိုပဲ ဂုဏ်ယူမိပါတယ်။ ဒီလို အိမ်ရှင်အဖြစ် ကျင်းပဖို့ဆိုတာ ကျွန်မနဲ့
ကျွန်မတို့ အဖွဲ့အစည်းရဲ့ ခွန်အားနဲ့ပဲဆိုရင်တော့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်မတို့ တိုင်းပြည်အကျိုးရှိအောင် ဒီအခွင့်အလမ်းကို
အသုံးချဖို့ ကျွန်မတို့ အစွမ်းကုန် ကြိုးစားသွားပါမယ်”ဟု ဒေါ်စိုးယုဝေက
ပြောကြားပါသည်။
အကယ်၍ မြန်မာနိုင်ငံသည် ဤကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုပါက
ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးတစ်ခု မြန်မာပြည်တွင်
ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်း ဖြစ်ပါမည်။ ဤပွဲကြီးဖြင့် မြန်မာနိုင်ငံ၏ သဘာဝ
အလှအပများကို ကမ္ဘာသို့ ထုတ်ဖော်ပြသခြင်းအားဖြင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းအတွက်
အခွင့်အလမ်းများ ပွင့်လာမည် ဖြစ်၏။
မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်စိုးချိန်မှစ၍ နိုင်ငံတကာ
အလှမယ်ပြိုင်ပွဲများဖြင့် အဆက်ပြတ်သွားခဲ့သည်။ မယ်စကြာဝဠာပြိုင်ပွဲကို နှစ်
၅၀ ကျော်ကြာ မဝင်ခဲ့ပဲ ယမန်နှစ်က မြန်မာအလှမယ် မိုးစက်ဝိုင် ပထမဆုံး
ပြန်လည်ပါဝင်ခဲ့ပြီး ယခုနှစ်တွင် သျှားထွဋ်အိန္ဒြာ ဒုတိယမြောက်
ယှဉ်ပြိုင်ခဲ့သည်။
http://kabarthit.com/index.php?option=com_content&view=article&id=597:2015-02-11-02-22-36&catid=8:2013-10-13-17-09-02&Itemid=214
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment