Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 16, 2015

ချစ်သူများနေ့အပါအ၀င် နေ့တိုင်း ခင်ပွန်းဟောင်းအပြင် လက်ရှိခင်ပွန်းနှင့်ပါ ညစာစားသူ



ယခုနှစ် ချစ်သူများနေ့သည် ဂျော့နှင့် အိန်ဂျယ်လီကာတို့၏ ချစ်သူဖြစ်ပြီး ၂၃ နှစ်အကြာတွင် ကျရောက်ခြင်း ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်ကပင် ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် အိန်ဂျယ် လီကာက မိမိအနေဖြင့် ခင်ပွန်းဟောင်းဖြစ်သော အသက် ၆၁ နှစ်အရွယ် ဂျော့အပြင် လက်ရှိခင်ပွန်းသည် ဂလင်းဝီလ်ဆင်နှင့်ပါ ချစ်သူများနေ့အပြင် နေ့တိုင်း မပျက်မကွက် ညစာစားလေ့ရှိကြောင်း ဖွင့်ဟခဲ့သည်။

အိန်ဂျယ်လီကာနှင့် ကွာရှင်းပြတ်စဲခဲ့ပြီးဖြစ်သော်လည်း ဂျော့မှာ ဇနီးဟောင်းနေထိုင်ရာနှင့် မလှမ်းမကမ်းတွင် တစ်ကိုယ်တည်းနေထိုင်ပြီး မပျက်မကွက် အတူညစာလာစားလေ့ရှိသည်။ “ ဒါက ကျွန်မတို့ သုံးယောက်အတွက် ပုံမှန်ကိစ္စပဲ ဖြစ်ပါတယ်။ တခြားသူတွေအတွက် ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပါတယ်။ တခါတလေ ကျွန်မတို့သုံးယောက် အပန်းဖြေခရီးထွက်ကြတာမျိုးတောင် ရှိပါတယ်။ ကျွန်မ နှစ်ကြိမ် လက်ထပ် ခဲ့တယ်ဆိုတဲ့ ကိစ္စကို ပြန်မတွေးမိသလို ကျွန်မရဲ့ ခင်ပွန်းဟောင်းကလည်း လက်ရှိအချိန်အထိ သူငယ်ချင်းကောင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။” ဟု ကလေး ၅ ယောက်၏ မိခင် အိန်ဂျယ်လီကာက ဆိုသည်။

အိန်ဂျယ်လီကာက သူမ၏ ကလေးများအတွက် ဖခင်ဟောင်းအပြင် လက်ရှိဖခင်နှင့်ပါ ရင်းနှီးခွင့်ရနေသော အချက်မှာ ကောင်းမွန်သည်ဟု ယူဆမိကြောင်း၊ ညီညွှတ်သော မိသားစုဘ၀တစ်ခုအဖြစ် ရပ်တည်နေပြီး ယောက်က်ျားနှစ်ဦးစလုံးက ဖခင်တာဝန်ကို ကိုယ်စီရယူရမည်ကို သိရှိထားကြောင်း ဆိုသည်။

Ref – Mirror

Planet Myanmar

No comments:

Post a Comment