ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ညပိုင်း တက္ကစီငှားစီးသူကို ယာဉ်မောင်း
နှင့် အပေါင်းအပါများက ဝိုင်းဝန်း လုယက်ကြသဖြင့် အသက်လု၍
ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၂ရက် နံနက် ၂နာရီ ခန့်တွင်
ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ချောင်းသာသို့သွားမည့် သူ
ငယ်ချင်းကို အထက်ပန်းဆိုးတန်း လမ်းမကြီးနှင့် ကန်တော်ကြီးပတ် လမ်း
လမ်းဆုံအနီးသို့ လိုက်ပို့ပေး ပြီး ပြန်အလာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အငှားယာဉ်ကို လမ်းမတော် မြို့နယ် ၁၆လမ်းမှ စတင်ငှားရမ်းခဲ့ ခြင်းဖြစ်ပြီး
ညအချိန်ဖြစ်နေသဖြင့် အသွားအပြန်အတွက် ငှားရမ်းခြင်း ဖြစ်သည်။
ကားစတင်ငှားရမ်းသည့် အချိန်ကပင် ကားမောင်းသူ၏ဘေး တွင် အဖော်တစ်ဦးပါရှိပြီး
နှစ်ဦး စလုံးမှာ အသက် ၂ဝ ဝန်းကျင်ရှိမည့် လူငယ်များဟုသာ
ခန့်မှန်းရကြောင်း သိရသည်။
ကန်တော်ကြီးပတ်လမ်းအနီး သို့
ချောင်းသာသို့သွားမည့် သူငယ် ချင်းအား ပို့ပြီးပြန်အလာ ကန်တော်
ကြီးပတ်လမ်းမှ ဦးထောင်ဘိုအဝိုင်း ဘက်သို့ မောင်းနှင်လာပြီး ကန်တော်
ကြီးပဲလေ့စ်ဟိုတယ်အကျော်တွင် ကား ကို ရပ်လိုက်ပြီး ယင်းတို့၏ လုယက်
ခြင်းလုပ်ငန်းကို စတင်လိုက်ခြင်း ဖြစ်သည်။
ယာဉ်မောင်းဘေးတွင်
ပါဝင် လာသည့် လူငယ်က ကားရပ်သည် နှင့် ကားပေါ်မှဆင်းကာ ကားနောက် ဖုံးတံခါးကို
ဖွင့်၍ ”ဟကောင် ထ တော့ အလုပ်လုပ်တော့မယ်”ဟု ပြော ဆိုသံကြားလိုက်ရပြီး
ချက်ချင်းဆို သလိုပင် ဦးခေါင်းကို ကားနောက် ခန်းမှနေ၍
ပုလင်းခွံတစ်လုံးဖြင့် ရိုက်လိုက်ခြင်းဖြင့် အကြမ်းဖက်လု ယူမှုကို
စတင်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်လုယက်မှုမှ လွတ် မြောက်ခဲ့ပုံကို
”အဲဒီနောက်ခန်းမှာ လူ ပါလာတာကို ကျွန်တော် မသိခဲ့ ဘူး။ သူတို့ချင်း
ဒရိုင်ဘာချိန်းမောင်း တာလုပ်မလို့ဘဲ ထင်နေတာ။ ခေါင်း ကို ပုလင်းခွံနဲ့
ရိုက်လိုက်တော့မှ လူ က ပူထူသွားပြီး သိလိုက်တာ။ အဲဒီ မှာရှေ့ခန်းက
ယာဉ်မောင်းက ကျွန် တော့်လက်ကို လှမ်းချုပ်တယ်။ ကျွန် တော်က ခြေထောက်နဲ့
ကန်လိုက် တယ်။ နောက်ကလူက ပခုံးကို ချုပ် ထားတယ်။ လူကလဲ ကြောက်အား ကြီးပြီး
ဇောနဲ့ဆိုတော့ ရုန်းထွက် လိုက်တာ ကားနောက်ခန်းကနေ နှစ် ယောက်ပေါင်း
ချုပ်ထားတာတောင် လွတ်သွားတယ်”ဟု ကာယကံရှင် ကိုရဲနောင်က ပြောသည်။
ယင်းသို့ ထွက်ပြေးရာတွင် အသက်လု၍ ထွက် ပြေးရခြင်းဖြစ်ပြီး ကားပေါ်တွင် လက် ကိုင်တယ်လီဖုန်း တစ်လုံးနှင့် ဖိနပ်ပါ ကျန်နေခဲ့သည်။
အခင်းဖြစ်ပွားချိန်တွင် ကား တံခါးကို ဖွင့်ပြေးရန် ကြိုးစားခဲ့သော် လည်း
မိမိထိုင်နေသည့်ဘက်မှ ကား တံခါးကို လော့ချထားသဖြင့် ဖွင့်မရ
ခဲ့ကြောင်းနှင့် ထွက်ပြေးသည့်အချိန် မှာလည်း တစ်ဖက်တံခါးကို ဖွင့်၍ သာ
ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
အနီးဆုံး အကူညီပေးနိုင်မည့်
သူရှိနိုင်သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်သို့ ထွက်ပြေးပြီး သူ၏ သူ
ငယ်ချင်းမိတ်ဆွေများထံ ဆက်သွယ် အကူအညီ တောင်းနိုင်ရန် ဟိုတယ်
လုံခြုံရေးဝန်ထမ်းမှ ယင်း၏ လက် ကိုင်ဖုန်းဖြင့် ဆက်သွယ်ကာ အကူ
အညီပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုယက်ခြင်းမှာ မကြာခဏ
ဖြစ်ပွားလေ့ရှိကြောင်း၊ လူအများစုမှာလည်း အလုပ်ရှုပ် မည်ကို မလိုလားသဖြင့်
အမှုဖွင့် တိုင်ကြားခြင်းတို့မရှိကြကြောင်း အ ငှားယာဉ်မောင်းများ၏ ပြောကြား
ချက်အရ သိရသည်။
”ကျွန်တော်က ဒါမျိုး နှစ်ခါ လောက်ကြုံဖူးတယ်။
အခင်းဖြစ်ပွား ပြီး ကြုံတာပေါ့ဗျာ။ အမှုဖွင့်ဖို့ အ ကြံပေးပေမယ့်
ကားနံပါတ်လဲမမှတ် မိ၊ တိုင်ရင်လဲ မမိဘူးဆိုပြီး မတိုင်ကြ တာများတယ်။
ညပိုင်းကားငှားတော့ မယ်ဆိုရင် ကားမောင်သူဘေးမှာ အဖော်ပါနေတာမျိုးရှိမရှိ၊
ယာဉ် နောက်ခန်းမှာ လူပါမပါ သေချာစိ စစ်ပြီးမှ ငှားသင့်ပါတယ်။ မိမိသွား
မယ့်လမ်းကြောင်းက သွားနေတာ ရောဟုတ်ရဲ့လား ဆိုတာတွေ သေချာ ဆန်းစစ်ပြီးမှ
စီးသင့်ပါတယ်”ဟု အငှားယာဉ်မောင်း ဦးစိန်သောင်း က ပြောသည်။
NH(Kalaymyo)
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 24, 2015
ညအချိန် တက္ကစီငှားရင် သတိထား၊ တက္ကစီငှားစီးသူကို ယာဉ်မောင်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် လုယက်ကြသဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွား
ညအချိန် တက္ကစီငှားရင် သတိထား၊ တက္ကစီငှားစီးသူကို ယာဉ်မောင်းနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် လုယက်ကြသဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ် ဖြစ်ပွား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 24, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment