Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 4, 2015

မန္တလေးရှိ စက်သုံးဆီဆိုင်ပိုင်ရှင် ကိုးကန့်လူမျိုး တစ်ဦးမှ ဆိုင်ပတ်ဝန်းကျင်ရှိ နိုင်ငံပိုင် နှစ်ချို့သစ်ပင်ကြီးများကို ခုတ်လှဲဖျက်ဆီးခဲ့

 
မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်အပိုင် သမ္မတော ကျေးရွာတွင် သံလွင်ဆီဆိုင် ပိုင်ရှင် ကိုးကန့်တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ မိမိ၏ စက်သုံးဆီဆိုင် ပိတ်သည်ဟုဆိုကာ အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံ စည်းရိုးများအပြင် လမ်းဘေးရှိ သစ်ပင်ကြီးများအား တရားဝင် ခွင့်ပြုမိန့်မရဘဲ ခုတ်ထွင် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အဲဒီ ကိုးကန့်ပိုင်ရှင်က သူ့ဆိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြံစည်းရိုးတွေကို ပိုင်ရှင် မရှိတဲ့ အချိန် ၀င်ရောက် ဖျက်ဆီးတာပါ။ လမ်းဘေးတစ်လျှောက်က သစ်ပင်ကြီးတွေကိုလည်း ခွင့်ပြုချက် မယူဘဲနဲ့ ခုတ်တာ ၁၀ ပင်နီးပါးရှိတယ်။ အပင်တွေက နှစ်ချို့တွေ။ အဲဒီကိုးကန့်ပိုင်ရှင်က ဆဲဆိုကြိမ်းမောင်းပြီး လူရမ်းကား ပုံစံ လူတွေငှားပြီး လုပ်နေတာ။ ဘယ်သူမှ ပြန်မပြောရဲကြဘူး။ တော်တော်လေး ဆိုးနေပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
သံလွင် စက်သုံးဆီဆိုင်ပိုင်ရှင် ကိုးကန့် သူဌေး၏ လုပ်ရပ်အား ဌာနဆိုင်ရာများသို့ တိုင်ကြားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်းလည်း စုံစမ်းသိရသည်။

No comments:

Post a Comment