Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဘရာဇီးလ် နိုင်ငံက အကျဉ်းထောင်များ


အေသင်အောင်
                ဘရာဇီးလ် နိုင်ငံမှာ အကျဉ်းသား တစ်ဦး အသတ်ခံရလို့ သေဆုံးသွားတဲ့ သတင်းပာာ အထူးအဆန်း မဟုတ်တော့ ပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ အကျဉ်းသားတွေပာာ အကျဉ်းထောင် အတွင်း အချင်းချင်း အုပ်စုဖွဲ့  တိုက်ခိုက်မှုတွေ ပြုလုပ်နေကြ တာကြောင့် ဖြစ်ပါ တယ်။ ၂၀၁၃ နောက်ပိုင်း ဘရာဇီးလ် နိုင်ငံက အကျဉ်းထောင် တွေမှာ ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု တွေကြောင့် သေဆုံးသူ အရေအတွက်ပာာ အနည်းဆုံး (၇၅) ဦးအထိ ရှိခဲ့တယ်လို့ သိရ ပါတယ်။ ဒီလို သေဆုံးရာမှာ သုံးဦးဟာ ခေါင်းဖြတ် သတ်ခံရခြင်း ဖြစ်ပါတယ်။ ဒီစာရင်းကို ဘရာဇီးလ် အစိုးရ တာဝန်ရှိသူ တွေက ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။ ဘရာဇီးလ် နိုင်ငံမှာ အကျဉ်းထောင် အတွင်း သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေလို့ အဆိုးဝါးဆုံး အကျဉ်းထောင်တွေအဖြစ် သတ်မှတ်ခဲ့ကြပါ တယ်။ ဘရာဇီးလ် အစိုးရပာာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း အမျိုးမျိုး သုံးပြီး ကြိုးစားနေ ပါတယ်။ လက်နက် အပြည်အစုံ တပ်ဆင် ထားတဲ့ ရဲတပ်ဖွဲ့ ဝင် တွေပာာ အကျဉ်းထောင် အတွင်း မကြာခဏ ၀င်ရောက် စီးနင်း ရှာဖွေ ခြင်း၊ လုံခြုံရေး ကင်မရာတွေ တိုးချဲ့ တပ်ဆင်ခြင်း စတာ တွေကို ပြုလုပ်ခဲ့ပါတယ်။ အကျိုးဆက် ကတော့ ပြီးခဲ့တဲ့ လေးလ အတွင်း အကျဉ်း ထောင်တွေမှာ မှုခင်း ဖြစ်ပွားမူတွေ ကျဆင်း သွားခဲ့ ပါတယ်။ ဘရာဇီးလ်ပာာ ကမ္ဘာမှာ အကျဉ်းသား စတုတ္ထ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေ ပါတယ်။ ဘရာဇီးလ်နိုင်ငံရဲ့ အထက်မှာ အမေရိကန်၊ ရုရှား နဲ့ တရုတ်တို့ပဲ ရှိပါတယ်။ ဘရာဇီးလ် နိုင်ငံက အကျဉ်းထောင်တွေမှာ စုစုပေါင်း အကျဉ်းသား (၅၅၀၀၀၀) အထိရှိနေပြီး လုံလောက်စွာ ထားနိုင်တဲ့ နေရာတွေလည်း မရှိဘူးလို့ သိရပါတယ်။ အကျဉ်းသားတွေပာာ အာဏာပိုင်တွေကို ပြန်လည် တိုက်ခိုက်တဲ့ မှတ်တမ်းတွေလည်း ရှိဖူး ပါတယ်။ အကျဉ်းသား တစ်ဦးဟာ ထရပ်ကား တစ်စီးကို ခိုးယူပြီး ထောင်နံရံတွေကို တိုက်ကာ ထွက်ပြေးဖို့ ကြိုးစားရာ ကနေ တာဝန်ရှိ သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေ ဖြစ်လာခဲ့ ပါတယ်။ လက်ရှိ အချိန်မှာတော့ ဘရာဇီးလ်က အကျဉ်းထောင်တွေပာာ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေကို ဖြတ်သန်းနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=30962

No comments:

Post a Comment