Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

စူပါ ရွက်လှေတွေ စီးချင်တယ် ဆိုရင် အလွန် ချမ်းသာရန် လိုအပ်


အေသင်အောင်
                ကမ္ဘာမှာ ဒေါ်လာသန်း (၃၀) နဲ့အထက် ချမ်းသာကြွယ်ဝသူ အများအပြားရှိနေတယ်လို့ စစ်တမ်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ဒါပေမဲ့ ချမ်းသာ ကြွယ်ဝသူတိုင်းဟာ စူပါရွက် လှေတွေကို စီးဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စူပါရွက်လှေ တစ်စီးရဲ့ တန်ဖိုးဟာ ကြီးမြင့်နေတဲ့ အပြင် ရွက်လှေတစ်စီးကို ထိန်းသိမ်းဖို့ ငွေကြေး ကလည်း အလွန်ကို များပြားနေ ပါတယ်။
                ရုရှားနဲ့ အရှေ့အလယ်ပိုင်းက ရေနံ သူဌေး တွေ၊ ဟောလီးဝုဒ်က ရုပ်ရှင် ထုတ်လုပ်သူတွေဟာ ကြီးမားတဲ့ စူပါရွက်လှေကြီး တွေကို စီးလေ့ ရှိကြ ပါတယ်။ ချဲလ်ဆီး အသင်းပိုင်ရှင် ရုရှား သူဌေးကြီး အေဘရာမိုဗစ်နဲ့ ယူအေအီး သမ္မတ ခယ်လာဖီအယ်နာယန်တို့ဟာ တန်ဖိုးကြီးတဲ့ ရွက်လှေတွေ ကို စီးနင်းသူတွေ အဖြစ် လူသိများကြ ပါတယ်။ သူတို့ တစ်တွေရဲ့ ရွက်လှေတွေဟာ သင်္ဘော တစ်စီး နီးပါးလောက် ရှိနေ ပါတယ်။ ဒါပေမဲ့ စစ်တမ်း တစ်ခု မှာ ရွက်လှေတွေကို စီးနင်းတော့မယ် ဆိုရင် ပြုပြင် ထိန်းသိမ်းစရိတ် တတ်နိုင်ဖို့ လိုတယ်လို့ အကြံပြုထား ပါတယ်။ ချဲလ်ဆီး အသင်း ပိုင်ရှင် စီးတဲ့ ရွက်လှေဟာ ဒေါ်လာသန်း (၅၀၀) လောက် တန်ဖိုးရှိ ပါတယ်။ အဲဒီ ရွက်လှေရဲ့ ထိန်းသိမ်းမှု စရိတ်က ဒေါ်လာ သန်း (၅၀) လောက်ရှိ ပါတယ်။ ရွက်လှေ အမျိုးအစား ကွာခြားပြီး ပြုပြင် ထိန်းသိမ်းရေး စရိတ်က မြင့်တက်သွား လေ့ရှိ ပါတယ်။ သာမန်အားဖြင့် ရွက်လှေ တစ်စီးကို ထိန်းသိမ်း ပြုပြင်မယ် ဆိုရင် ဒေါ်လာ တစ်သန်းနဲ့ အထက် ရှိပါတယ်။ တစ်နှစ်ကို ဆီဖိုး အဖြစ် ဒေါ်လာ လေးသိန်း၊ ပြင်ဆင်ခ အဖြစ် ဒေါ်လာ သုံးသန်း အထိ အသုံးပြု ရမှာ ဖြစ်သလို ၀န်ထမ်း စရိတ် အတွက်လည်း ဒေါ်လာ တစ်သန်းကျော်လောက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စူပါရွက်လှေတွေကို စီးနင်းချင်သူတွေဟာ အမှန် တကယ်ချမ်းသာဖို့ လိုအပ်နေကြောင်း အဆိုပါ စစ်တမ်းက ဖော်ပြထား ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=31053

No comments:

Post a Comment