Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 8, 2015

တရုတ်နိုင်ငံတွင် အလေးချိန် ၁၇ ပေါင်ရှိ ရွှေတုံးကြီးကို နွားကျောင်းသားတစ်ဦး ရှာဖွေတွေ့ရှိ


ပေကျင်း ၊ ၈-၂-၂၀၁၅

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းယူဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ နွားကျောင်းသား တစ်ဦးသည် အလေးချိန် ၁၇ ပေါင် (၇ ဒသမ ၈၅ ကီလိုဂရမ်) ရှိ ရွှေတုံးကြီး တစ်တုံးကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဘာရတ်ဆာဝတ် အမည်ရှိ ကာဇတ် မျိုးနွယ် အမျိုးသားသည် အဆိုပါ ရွှေတုံးကြီး ကို ဇန်နဝါရီ ၃ဝ ရက် ညနေ ၅ နာရီဝန်းကျင် က ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

၎င်း ရွှေတုံးသည် ၈ဝ ရာခိုင်နှုန်း သန့်စင်မှု ရှိသည့် ရွှေသားဖြစ်ပြီး တန်ဖိုး အားဖြင့် ယွမ် ၁ ဒသမ ၆ သန်း (အမေရိကန် ဒေါ်လာ ၂၅၅၃၁၃) တန်ဖိုး ရှိကြောင်း သိရသည်။ ထို့ပြင် ၄င်း ရွှေတုံးသည် ယခု လက်ရှိ ရွှေများ၏ စံချိန်စံညွှန်း ထက် ပို၍ အဆင့်မီကြောင်း သိရသည်။

အဆိုပါ ရွှေတုံး  သည် ၂၃ စင်တီမီတာ ခန့်ရှည်ပြီး အကျယ်မှာ ၁၈ စင်တီမီတာ ရှိကြောင်း၊ ထို့ပြင် ၄င်း၏အထူ မှာ ၈ စင်တီမီတာ ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_9.html

No comments:

Post a Comment