Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 4, 2015

သရုပ်ဆောင်အသစ်တွေ များလာတဲ့ အတွက် ပိုပြီးကြိုးစားရတယ်ဆိုတဲ့ ပက်ထရစ်ရှာ


ပက်ထရစ် ရှာက ဘယ်အလုပ်ကို မဆို မေတ္တာစေတနာထားပြီး လုပ်တဲ့အတွက် ပရိသတ်တွေဆီက လည်း မေတ္တာစစ်နဲ့ အားပေးချစ်ခင်တာကို ရချင်ပြီး အနုပညာလောကမှာ သရုပ်ဆောင် အသစ်တွေများလာတဲ့အတွက်လည်း ပိုပြီးကြိုး စားရပါတယ်လို့ ဆိုပါတယ်။
“အခုခေတ်က အနုပညာရှင်အသစ်တွေက လည်း အများကြီးပေါ်ထွက်လာတယ်။ ချော ချောလေးတွေကလည်းအများကြီးပဲ။ မင်းသမီး လည်း မရှားဘူး။ အဲဒီအထဲမှာမှ ပက်ထရစ်ရှာ ဆိုတာကတော့ သိတဲ့ပရိသတ်တွေကလည်း တော်တော် သိနေကြပြီ။သရုပ်ဆောင်မှုလျော့ မသွားအောင် ကိုယ်ကမေတ္တာစေတနာ ထား ပြီးလုပ်တယ်။ ပရိသတ်ကလည်း ကိုယ့်ဆီကို မေတ္တာစစ်နဲ့အားပေးကြမယ်။ ချစ်ခင်လာ ကြမယ်လို့ ညီမယုံကြည် တယ်။ အဲဒါ ကြောင့်ဘယ်အလုပ်ပဲလုပ်လုပ် ညီမ က စေတနာမေတ္တာ ထားပြီးလုပ်တဲ့အတွက် ပရိသတ်ဆီက အချစ်တွေ အားပေးမှုတွေကို လိုချင်ပါတယ်” လို့ပက်ထရစ်ရှာကပြောပါတယ်။အခုလိုမျိုး ဇာတ်ကားတွေ ရိုက် လာရတာက ပရိသတ်ရဲ့အားပေးမှု ကြောင့်ဖြစ်ပြီး ရောက် ရှိနေတဲ့   နေရာလေးမှာလည်း ကျေနပ် ပီတိ ဖြစ်ရပါတယ်လို့ ပက်ထရစ်ရှာက ဆိုပါတယ်။ “ညီမကို ဓာတ်ပုံ ရိုက်ရင်တော့ ပရိသတ် တွေကsexy နဲ့ လိုက်တယ် လို့ ပြောတယ်။ ဇာတ်ကားရိုက်ရင် တော့cute ဖြစ်တာလေးတွေနဲ့ လိုက်တယ်လို့ ပြော တယ်။ ဒီလိုမျိုးဇာတ်ကားလေးတွေ ရိုက်လာ ရတယ်ဆိုတာကလည်း ပရိသတ်တွေရဲ့ ကျေး ဇူးတွေ အများကြီးပါပါတယ်။ ညီမကိုလည်း အတိုက်အခိုက်တွေအများကြီး ကောလာ ဟလတွေလွှင့် တာတွေရော အများကြီးပဲ ရှိခဲ့ တယ်။ သူတို့ကတော့ ကိုယ့်ကို ကျဆုံးစေချင် လို့လုပ်တာ။ဒါပေမဲ့ပရိသတ်တွေက အားပေးတယ်။ ညီမ ဘက်မှာ ရပ်တည်ပေးတဲ့အတွက် ကြောင့်လည်း ပရိသတ် တွေကို ကျေးဇူးတင် မိတယ်။ အဲဒါကြောင့် ပိုပိုပြီးတော့လည်း အနု ပညာ အလုပ်မှာ ညီမ ဖြစ်ချင် တဲ့နေရာ အတိုင်း အတာလေးတစ်ခုဖြစ် လာ တယ်။အဲဒီအတွက်လည်း ကျေနပ်မိတယ်” လို့ ပက် ထရစ်ရှာကပြောပါတယ်။
လွင်လွင်ထွန်း
http://www.popularmyanmar.com/mpaper/2015/02/%E1%80%9E%E1%82%90%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%A1%E1%80%9E%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%BC-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%9C/

No comments:

Post a Comment