Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

ကုန်ဈေးနှုန်းလျော့ရေး တရုတ်ပိုင်လုပ်ငန်းများကို သပိတ်မှောက်ရန် မလေးရှားဝန်ကြီး တောင်းဆို


ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၃

မလေးရှား စိုက်ပျိုးရေး ၀န်ကြီးက ကုန်ဈေးနှုန်း ကြီးမြင့်စွာ ရောင်းချ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံ သားပိုင် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ကြရန် မလေးရှား နိုင်ငံသား စားသုံးသူများအား တောင်းဆိုလိုက်သည်။

ဝန်ကြီး မစ္စတာ အစ္စမယ်ဆာဘရီယာကော့ဘ်သည် ယမန်နေ့က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှ ပို့စ်တခုကို ရေးသားလျက် မလေးရှားနိုင်ငံသားများအား အစိုးရကို တစိတ်တဒေသ အကူအညီပေးသည့် အနေအားဖြင့် ထိုအမြတ်ကြီးစား တရုတ်လုပ်ငန်းရှင်များကို ကုန်ဈေးနှုန်း လျှော့ချစေရေး သပိတ်မှောက်ရန် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပို့စ်ကို ၎င်းက ယမန်နေ့မှာပင် ပြန်ဖြုတ်ချလိုက်သည်။

"ကျွန်တော့် အမြင်တွေ ဝေမျှမိတာကို ခွင့်လွှတ်ကြပါ၊ ဒါပေမယ့် တဖက်မှာလည်း ပြည်တွင်းကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဈေးနှုန်းထိန်းချုပ်မှုနဲ့ အမြတ်ကြီးစားတွေကို ပြည်သူနဲ့ အတူ ဆန့်ကျင်လှုပ်ရှားရပါတယ်၊ စားသုံးသူ လူများစုက မလေးရှားနိုင်ငံသားတွေ ဖြစ်ပြီး တရုတ်ကတော့ လူနည်းစုပါ၊ မလေးရှားနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို သပိတ်မှောက်ကြမယ်ဆိုရင် သူတို့မှာ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘဲ ကုန်ဈေးနှုန်းတွေ လျှော့ချပေးလာကြမှာပါ" ဟု ၎င်းက ရေးသားခဲ့ခြင်း ဖြစ်သည်။

မစ္စတာအစ္စမေလ်က Old Town White ကော်ဖီလုပ်ငန်းအား သာဓကထား၍ ယင်းကုမ္ပဏီသည် DAP လုပ်ငန်းစုပိုင်ရှင် Ngeh Khoo Ham နှင့် ချိတ်ဆက်မှုရှိနေကာ ၎င်းတို့ မိသားစုမှာ အစ္စလာမ်ဆန့်ကျင်သူများလည်း ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

"မလေးရှားတွေ မပြင်မပြောင်းသရွှေ့ တရုတ်တွေက ဖိနှိပ်နေမှာပဲ" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကျော်လင်းထွန်း
__Ref: Todayonline

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJourna

No comments:

Post a Comment