Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 5, 2015

ကလေးလုပ်သား ရာနဲ့ချီ အိန္ဒိယ ကယ်တင်


အိန္ဒိယနိုင်ငံမှာ လူမဆန်တဲ့ အခြေအနေတွေနဲ့ မတရား အလုပ် ခိုင်းစေခံနေရတဲ့ ရာနဲ့ချီတဲ့ ကလေးလုပ်သားတွေကို နိုင်ငံ တောင်ပိုင်း စက်ရုံတွေကနေ ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

သရေ စက်ရုံတွေနဲ့ ပလတ်စတစ် စက်ရုံတွေကို ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ ၁၀ ရက်အတွင်း ကလေးလုပ်သား ၃၅၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တာပါ။

အဲဒီ ကလေးတွေဟာ ၀မ်းနည်းဖွယ်ရာ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကြရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပညာရည် နိမ့်ကျမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ကလေးငယ် အများအပြားဟာ အတင်း အဓမ္မ အလုပ်ခိုင်းစေမှုတွေ ခံနေကြရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment