Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 5, 2015

ဘုရားများ ပွင့်တော်မူရာ ကာလ အပိုင်းအခြား


Thursday, February 5, 2015
မေး- အရှင်ဘုရား... ဘုရားရှင်ငါးဆူ ဟာ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူတယ်လို့သိ ရပါတယ်ဘုရား။ တပည့်တော်သိချင်တာ က နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များ ပွင့် တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ ၅၁၂ဝ၂၈ ဆူသော ဘုရားရှင်များဟာ ဘယ်ကာလအ ပိုင်းအခြားမှာ ပွင့်တော်မူခဲ့ပါသလဲဘုရား။ နောက်တစ်ခုက ဓာရဏပရိတ်တော်မှာ ခုနစ် ဆယ့်ခုနစ်ကုဋေသော ဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသော ဘုရားများဆိုပြီး ဘုရားရှင် က ဘာကြောင့် ခွဲခြားဟောထားတော်မူခဲ့ ပါသလဲဘုရား။
ကိုဝင်းဇော်ဦး(တောင်ငူမြို့)
ဖြေ- နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရား များဟာ ဂေါတမမြတ်စွာဘုရားအလောင်း တော် နိယတဗျာဒိတ်ရတော်မူတဲ့ လေးအ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်တော် မူခဲ့ကြပါတယ်။ ၅၁၂ဝ၂၈ ဆူသော ဘုရား ရှင်များရဲ့ပွင့်ရာ ကာလအပိုင်းအခြားနဲ့ ပတ် သက်ပြီး ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ အတိတ်သံသ ရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေ မတွက်နိုင်တော့ပါဘူး။ ထိုမရေမတွက်နိုင် တဲ့ ကာလအပိုင်းအခြားမှာ မရေမတွက် နိုင်တဲ့ ဘုရားရှင်များ ပွင့်တော်မူပြီးခဲ့ကြပါ ပြီ။ ဒါကြောင့်လဲ ''ဂင်္ဂါဝါဠု သဲစုမက''ဆိုတဲ့ အတိုင်း ပွင့်တော်မူခဲ့ပြီးတဲ့ ဘုရားရှင်များ ဟာလည်း ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့အမျှ မရေ မတွက်နိုင်တော့ပါဘူး။
ဒါကြောင့် မရေမ တွက်နိုင်တဲ့ ဘုရားရှင်များဟာ မရေမတွက် နိုင်တဲ့ ကာလအပိုင်းအခြားမှာ ပွင့်တော်မူ ခဲ့ကြပြီးဖြစ်ပါတယ်။ နောက်တစ်ခုက ဓာ ရဏပရိတ်တော်ဟာ ဘုရားရှင်ဟောတော် မူခဲ့တဲ့ ပရိတ်တော်ထဲ မပါ,ပါဘူး။ ဒါပေမဲ့ ရှေးဆရာတော်များက ဘုရားရှင်ရဲ့ ဂုဏ် တော်များကို ထည့်သွင်းပြီး ပရိတ်တော်အ ဖြစ် ပြုလုပ်ပေးထားပါတယ်။ ဓာရဏဆို တာ ပါဠိစကားလုံးပါ။ ''ဆောင်ခြင်း''လို့ အဓိပ္ပာယ်ရပါတယ်။ ဆောင်ထားသင့်တဲ့ ဂုဏ်တော်များကို ဆောင်ထားတဲ့အခါ အ ကျိုးကျေးဇူးအလွန်ကြီးပြီး အန္တရာယ်များ ကို ကာကွယ်တားဆီးလို့ ''ဓာရဏပရိတ်''လို့ နာမည်တပ်ပြီး ရှေးဆရာတော်ကြီးများ က စီစဉ်ထားတာဖြစ်ပါတယ်။
ဓာရဏပရိတ် တော်အစ... ဘုရားမှာ ဘယ်သူမှ အန္တ ရာယ်မပြုနိုင်တဲ့ ဂုဏ်လေးခိုင်ကို ထည့်ထား ပါတယ်။ အလယ်မှာကျတော့ ဘုရားရှင် များမှာသာရှိတဲ့ အာဝေဏိကဂုဏ်တော် (၁၈)ပါး ထည့်ထားပါတယ်။ အဆုံးမှာတော့ ဘုရားခုနစ်ဆူတို့ကို ရှိခိုးဆုတောင်းကာ သစ္စာ အဓိဋ္ဌာန်ပြုပြီး အဆုံးသတ်ထားတာကို တွေ့ ရပါတယ်။ မေးခွန်းရှင်မေးတဲ့ ဘုရားအဆူ များစွာဟာ ရှေးဆရာတော်ကြီးများ နှစ်သက် သလို ထည့်တော်မူကြတာ ဖြစ်ပါလိမ့်မယ်ဆို တာ ဖြေကြားပေးလိုက်ပါတယ်။
ဆရာတော်ဘဒ္ဒန္တကောဝိဒ(မြိတ်)၏
ဝက်ဘ်ဆိုက်မှကူးယူဖော်ပြပါသည်။
TheFlowerNews

No comments:

Post a Comment