Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

လွန်ခဲ့သော ၁၇နှစ် ကပညာရေးနဲ့ ပတ်သက်တဲ့ တောင်းပွဲ၊တိုက်ပွဲတစ်ခု


လွန်ခဲ့သော ၁၇နှစ် ကပညာရေးနဲ့ ပတ်သက်တဲ့ တောင်းပွဲ၊တိုက်ပွဲတစ်ခု
..............................................................................
Aung M Thu
23 January 
လွန်လေပြီးသော ၁၇ နှစ်ခန့်က ရန်ကုန် စက်မှုတက္ကသိုလ်မှာ ပညာရေးနဲ့ပတ်သက်လို့ တောင်းပွဲ၊ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတယ် ။
ကိုယ်တိုင် ၊ ကိုယ်တွေ့ မို့ "share" မယ် ။
29/11/1998
ပါချုပ်လာ တွေ့ တယ်။ ကျောင်းသား နှစ်ထောင်ကျော်လောက် လက်မှတ်ထိုးထားတဲ့ တောင်းဆိုချက်ဖိုင်တွဲကို သူ့လက်ထဲထည့်ပေးလိုက်တယ် ။
30/11/1998
ဒုဝန်ကြီးလာတယ် ။
"ငါမဆုံးဖြတ်နိုင်ဘူး " တဲ့ ။
1/12/1998
နောက်ဆုံး ဝန်ကြီးလာတယ် ။
"မင်းတို့ကိစ္စကို နိုင်ငံတော်ရဲ့ ဟိုး အမြင့်ဆုံးထိ တင်ထားပေးပြီးပြီ" တဲ့ ။
"နိုင်ငံတော်က အကောင်းဆုံးလုဎ်ပေးမှာပါ" တဲ့ ။
ဒါဆို
"တောင်းဆိုချက်တွေကိုလိုက်လျောနိုင်ပါသလား" ဆိုတော့ " No" တဲ့ ။
ဟုတ်ပြီ
"လိုက်လျောနိုင်မယ့် အစိုးရသစ်တခုကို တောင်းဆိုလို့ရမလား" ဆိုတော့
"အမျိုးသားညီလာခံကြီးပြီးမှ" တဲ့ ။
အဲလိုနဲ့
ဝန်ကြီးကို ကျောင်းသားတွေအားလုံး ဝိုင်းရီခဲ့ကြတယ် ။
နောက်နေ့ မှာ သပိတ်မှောက်ခဲ့ကြတယ် ။ ထောင်တွေကျခဲ့ကြတယ် ။
ကဲ
ခုဆို ဆယ့်လေးနှစ်လောက်ကြာသွားတဲ့ အမျိုးသားညီလာခံလည်း ပြီးပြီ ။
အခြေခံဥပဒေလည်း ပြီးပြီ ။
ဒီမိုကရေစီအစိုးရလို့ ကြွေးကျော်တာလည်း လေးနှစ်ကျော်ပြီ ။
ဘယ်လို ကလိန်ထပ်ကျဦးမလဲ ။
အဲဒီတုန်းက
ဝိုင်အိုင်တီ လေနဲ့ပြောမယ်ဆိုရင်
"တော်တော် "ပဲ့" တဲ့အကောင်တွေပဲ" ။



No comments:

Post a Comment