Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းရာတွင် လေကြောင်းမှ ဗုံးကြဲခြင်းဖြင့် လုံလောက်မှု မရှိဟု ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ပြောကြား



ကမ္ဘာ့ နိုင်ငံများရှိ စစ်သွေးကြွ များကို တိုက်ခိုက် ချေမှုန်းရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း သည် လုံလောက်မှု မရှိသောကြောင့် ယင်း စစ်သွေးကြွ အဖွဲ့များကို အမြစ်ပြတ် တိုက်ဖျက် နိုင်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်ချက် များကို အကောင် အထည်ဖော် လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး က တိုက်တွန်း ပြောကြား လိုက်သည်။

အယ်လ်ကိုင်ဒါ ၊ ISIS အဖွဲ့၊ အယ်လ်နူဆာ ၊ ဘိုကိုဟာရမ် နှင့် အယ်လ်ရှာဘတ် စသည့် စစ်သွေးကြွ အဖွဲ့များကို တိုက်ခိုက်ရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း သည် ထိရောက်မှု မရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်း ကြီး ဇေအစ်ရာအက် အယ်လ်ဟူစိန် က အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော်တွင် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပ ခဲ့သည့် အစည်းအဝေး တစ်ရပ်တွင် တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သွေးကြွ အဖွဲ့များကို တိုက်ဖျက် ချေမှုန်း ရာတွင် အခြားနည်းလမ်း များကို အသုံးပြုရန် လိုအပ်ကြောင်း၊ ၄င်းတို့ကို လေကြောင်းမှတိုက်ခိုက်လျက် ရှိသော်လည်း ၄င်းတို့၏ အင်အားမှာ ယခင်ကထက် ပိုမိုကြီးထွား လာလျက် ရှိကြောင်း ဟူစိန် က ထပ်လောင်း ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ များက ဂျော်ဒန် လေယာဉ်မှူးကို အရှင် လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့ခြင်းအပေါ် ရှုတ်ချခဲ့ ကြသည့် ကမ္ဘာတစ်ဝန်းမှ အစ္စလာမ် ဘာသာဝင် များကို ကျေးဇူး တင်ကြောင်း နှင့် အဆိုပါ စစ်သွေးကြွ များ အခြား နိုင်ငံများသို့ ကူးစက် ပျံ့နှံ့ခြင်းကို တားဆီးနိုင်ရန် အတွက် အရေးတကြီး လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment