Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 7, 2015

ဝိုင်းစုခိုင်သိန်း ဘာတွေကို ခါချနေတာလဲ

မြန်မာပြည်ဂီတလောကထဲ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အမျိုးသမီးအဆိုတော်တွေထဲက ထိပ်ဆုံးမှာရပ်တည်နေတဲ့ ဝိုင်းစုခိုင်းသိန်းတစ်ယောက် အောင်မြင်နေတဲ့ အမျိုးသားအဆိုတော်တွေနဲ့ တွဲဖက်ပြီး ခါချနေရတယ်ဆိုတဲ့ စုံတွဲသီချင်းအယ်လ်ဘမ်သစ်ကို ဖေဖော်ဝါရီ ၆ရက်နေ့က စကိုင်းစတားမှာ မိတ်ဆက်ခဲ့ပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ ခါချနေရတယ် အယ်လ်ဘမ်သစ်ထဲမှာ အဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖိုးကာ၊ ဇာနည်၊ ဟဲလေး၊ နေတိုး၊ နိုင်းဝမ်း၊ Snare၊ အားတီ၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ဆိုတေး၊ ရဲရင့်အောင်နဲ့ သားသားတို့ ပါဝင်သီဆိုထားပြီး ရွှေဂျော်ဂျော်၊ စံပီး၊ ဇဝါ စတဲ့ တေးရေးဆရာတွေရဲ့သီချင်းကို Lazy Club, The Trees, Myo Zaw, DJ Wine, KGK စတဲ့အဖွဲ့တွေနဲ့ တီးခတ်ထားပါတယ်။
စုံတွဲသီချင်းတွေ နားမထောင်ရတာကြာပြီဖြစ်တဲ့ ပရိသတ်တွေအတွက် ဒီသီချင်းကို စီစဉ်ခဲ့တာပါလို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။ အခက်အခဲမျိုးစုံကြားကနေ ထုတ်ဝေမယ့် ဒီအယ်လ်ဘမ်မှာ လူကြီးလူငယ်ပရိသတ်တွေအကြိုက် အဆိုတော်တွေနဲ့ တွဲဖက်သီဆိုထားတဲ့အကြောင်း၊ သူ့ဖက်က ကြိုးစားထားပေမယ့် ပရိသတ်ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်တယ်လို့ ပြောပါတယ်။ ၃နှစ်လောက်ကြာအောင် အချိန်ယူထားတဲ့ ဒီအယ်လ်ဘမ်ကို အရင်ခွေတွေလိုပဲ အားပေးပါလို့ ဆိုပါတယ်။
စုံတွဲသီချင်း ၁၅ပုဒ်ပါဝင်ပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့ကျရင် ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ကမ္ဘာမှာ ပရိုမိုးရှင်းပွဲလုပ်ပြီး ဖြန့်ချိသွားမှာဖြစ်သလို မန္တလေးမှာလည်း ၁၅ရက်နေ့ကျရင် နန်းရှေ့စီးတီးမာ့တ်မှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ တေးရေး ဇဝါရဲ့ အချစ်မြို့သီချင်းကို ဝိုင်းစုခိုင်သိန်းနဲ့ စုံတွဲဆိုထားတဲ့ ဇော်ပိုင်က သီချင်းတွေနဲ့လည်း လိုက်ဖက်တာကြောင့် ကူညီခဲ့တယ်လို့ ပြောပါတယ်။ နာမည်ရအဆိုတော်တွေနဲ့ တွဲဖက်ထားတာကြောင့် ထူးခြားမှုလည်းရှိပြီး အောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
http://kamayutmedia.com/video/entertainment/2946v 

http://youtu.be/UOTgwAESVpo

No comments:

Post a Comment