Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 9, 2015

ကလေးငယ်များကို ရိုက်နှက်ခွင့်ရှိသည်ဟု ပြောကြားခဲ့ခြင်းအတွက် ပုပ်ရဟန်းကြီး ဝေဖန်ခံနေရ


Monday, February 9, 2015

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် အပတ်စဉ်အထွေထွေ တွေ့ဆုံပွဲတစ်ခု
အတွင်း မိဘများအနေဖြင့် ကလေးငယ်များကို ရိုက်နှက်ခွင့်ရှိသည်ဟု
မှတ်ချက်ပေးပြောဆိုခဲ့မိသောကြောင့် ဝေဖန်ခံနေရသည်။

ပုပ်ရဟန်းမင်းကြီးက ဖခင်ကောင်းတစ်ဦးဆိုသည်မှာ မိမိတို့ ကလေးများ၏
အမှားကို ခွင့်လွှတ်ရန် နားလည်သကဲ့သို့ ကောင်းစွာကိုင်တွယ်ဆုံးမရန်လည်း
နားလည်သိရှိသူဟု ၄င်း၏ မိန့် ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

“ တစ်ခါတုန်းက အိမ်ထောင်သည် မိဘတွေနဲ့  တွေ့ ဆုံပွဲတစ်ခုမှာတွေ့ 
ဆုံနေရင်း ဖခင်တစ်ဦးပြောတဲ့ စကားကို ကြားခဲ့ရတယ်၊ “တစ်ခါတလေတော့
ကျွန်တော့်ကလေးတွေကို မရိုက်ချင်ဘဲ ရိုက်ရတဲ့အခါ တွေရှိတယ်၊ ဒါပေမယ့်
သူတို့ အရှက်ရနာကျင်သွားအောင်ဆိုပြီး မျက်နှာကိုတော့ တစ်ခါမှ မရိုက်ခဲ့ဖူး
ဘူး” တဲ့၊ ဘယ်လောက် ကြည်နူးဖို့ ကောင်းသလဲ။ ကလေးကိုသူက
အပြစ်ပေးတဲ့အခါ မှန်ကန်တဲ့နည်း လမ်းနဲ့ အပြစ်ပေးတယ်၊
ကလေးဘက်ကိုလည်း တွေးပေးတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ ယင်းမှတ်ချက်ကြောင့် အီတလီတွင် ရိုက်ခတ်မှု
တစ်စုံတရာမရှိခဲ့သော်လည်း ရိုက် နှက်အပြစ်ပေးခြင်းကို အပြင်းအထန်
ကန့်ကွက်ပြီး တရားမဝင်ဟု ကြေညာထားသည့် နိုင်ငံများထဲ တစ်နိုင်ငံ
အပါအဝင်ဖြစ်သည့် ဂျာမဏီနိုင်ငံတွင်တော့ အပြင်းအထန်
ရိုက်ခတ်သွားခဲ့သည်။

“ကလေးငယ်တွေကို ဂုဏ်သိက္ခာနဲ့ အညီ ရိုက်နှက်တယ်ဆိုတာ ဘယ်နည်းနဲ့ 
မှ မဖြစ်နိုင်ဘူး၊ ဒီပုပ်ရဟန်းမင်းကြီးက လူသားဆန်လွန်းသွားတာပါ၊
လူဆိုတာကတော့ မှားတတ်ပါတယ် ဒါပေမယ့် ကလေးတွေကို ဂုဏ်သိက္ခာနဲ့ 
ညီအောင် ရိုက်ရင်တော့ ရိုက်သင့်တယ်လို့ အကြံပြုတာကတော့ အရမ်းကို
လွဲသွားပြီ” ဟု ဂျာမဏီမှ မိသားစုရေးရာဝန်ကြီး မန်နျူလာ ရှာဝစ်က ပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်အပေါ် အမှားပြင်ဆင်ရန် ဂျာမန် ကလေး
သူငယ်ဆိုင်ရာအကူအညီ ပေးရေးအဖွဲ့ က တောင်းဆိုထားသည်။

ကမ္ဘာ့ ကတ်သလစ်အသင်းကြီး၏ အကြီးအကဲ ဆွန်ဒရာ ကလည်း
ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်နှင့် ပတ်သက်၍ “ကျွန်တော်ကတော့
ဒါကမှားယွင်းတဲ့ အကြံပြုချက်လို့ ထင်ပါတယ်၊ သူဒီလိုမှတ်ချက်မျိုး
ပြုတဲ့အတွက် ကျွန်တော်တောင် အံ့သြမိပါတယ်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး
သူ့ ကိုသေချာပြောလိုက်ပါ့ မယ်” ဟု ဗြိတိန် ဒေးလီးဂရပ်ဖ် သတင်းဌာနကို
ပြောကြားသည်။

ဆွန်ဒရာသည် ဘုရားကျောင်းများတွင် ခရစ်ယာန်ဘုန်းကြီးများက
ကလေးများကို ညှင်းပန်းနှိပ်စက် မှုများရှိနေသည်ဟု တိုင်ကြားမှုများ
ရှိလာသည့်အတွက် ဘုရားကျောင်းအတွင်း စည်းကမ်းပိုင်းဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်အတွက် လတ်တလောတွင် ရောမမြို့ ရှိ
ခရစ်ယာန် ဂိုဏ်းချုပ်အ စည်းအဝေးသို့  ရောက်ရှိနေသည်။

အလင်းအိမ်
Strait Times
The Myanma Age

No comments:

Post a Comment