Thursday, February 5, 2015
ရန်ကုန်၊ ကမ္ဘာ့ကုလသမဂ္ဂသို့ မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီး လီ၏ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ် ဘာသာဝင်များအား 'ရိုဟင်ဂျာ'ဟု သုံးနှုန်းမှု အတိအလင်းပယ်ချကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဖေဖော်ဝါရီ ၃ရက်က ထုတ် ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင်
မစ္စ ရန်ဟီးလီ၏ပြောကြားချက်တွင် သုံး စွဲထားသည့် 'ရိုဟင်ဂျာ' စကားလုံး
အသုံးအနှုန်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံအနေဖြင့် ယင်းကဲ့သို့ အမည်
နာမသုံးစွဲမှုကို အတိအလင်းပယ်ချ ပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းအသုံး
အနှုန်းကို မည်သည့်အချိန်အခါကမျှ အသိအမှတ်မပြုကြောင်း၊ ယင်းအသုံး အနှုန်းသည်
မြန်မာနိုင်ငံရှိ တိုင်းရင်း သားလူမျိုး ၁ဝဝကျော်တွင် မည်သည့် အခါမျှ
ပါဝင်ခြင်းမရှိကြောင်းကို ဖော် ပြထားသည်။
ထို့ပြင် ဗြိတိသျှကိုလိုနီခေတ် သန်းခေါင်စာရင်းကောက်ခံမှု မှတ် တမ်းများတွင်ပင် ပါဝင်ခြင်းမရှိဘဲ ယင်းအငြင်းပွားဖွယ်ရှိသည့် အသုံးအ နှုန်းကို ထပ်တလဲလဲ အသုံးပြုနေခြင်း သည် အရေးကြီးသည့် ကိစ္စရပ်ကိုဖြေ ရှင်းရန် အဟန့်အတားသာ ဖြစ်စေနိုင် ပြီး မကျေမချမ်းဖြစ်မှုကို မလွဲမသွေဖြစ် ပေါ်စေပြီး အစိုးရမှကြိုးပမ်းဆောင်ရွက် နေခြင်းများကို ပိုမိုခက်ခဲစေမည်ဖြစ်ပါ ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြန်မာ နိုင်ငံအစိုးရအနေဖြင့် အချက် ၁ဝချက် ဖြင့်ထုတ်ပြန်ခဲ့ရာမှ (၈)တွင် မစ္စရန်ဟီး လီသည် အထူးအစီရင်ခံစာတင်သွင်း သူအနေဖြင့် ¤င်း၏တာဝန်အားထမ်း ဆောင်ရာတွင် ချင့်ချင့်ချိန်ချိန်နှင့် ပညာ ရှင်ပီသစွာ ဆောင်ရွက်သင့်ပါသည်။ (၉) ¤င်း၏ခရီးစဉ်သည် မြန်မာနိုင်ငံပြည် သူများနှင့် မြန်မာနိုင်ငံအတွက် သဘော ထားကွဲလွဲမှု၊ မယုံကြည်မှု၊ သွေးထိုးလှုံ့ ဆော်မှုများအဖြစ်သို့ မရောက်ရှိစေသင့် ပါ၊ (၁ဝ) ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ၂၁ရက် တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီး၏ မစ္စရန်ဟီးလီခရီး စဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ဘာသာ ရေး၊ လူမျိုးရေး တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေမည့် မည်သည့်လုပ်ဆောင် ချက်၊ ပြောကြားချက်များကိုမျှ လက်ခံ အားပေးခြင်းကို ပြုလုပ်မည်မဟုတ်ပါ ကြောင်း ခိုင်မာစွာ ထပ်လောင်းပြောကြား အပ်ပါကြောင်း ဖော်ပြထားသည်။
''အစိုးရဘက်က အရင်တုန်းကဆို ရင် နိုင်ငံတကာရဲ့ထောက်ပြမှုကို ပြန် ပြီးတော့ ဖြေရှင်းထုတ်ပြန်တာမရှိခဲ့ဘူး။ အခုတော့ တိုးတက်လာပြီ။ ရိုဟင်ဂျာ လို့ခေါ်နေတာက သူတို့လူမျိုးတွေက သူ တို့ဘာသာ သတ်မှတ်ခေါ်ဝေါ်ကြတာ ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေဆို ရင်လဲ သူတို့လူမျိုးကို သူတို့ဘာသာခေါ် ဝေါ်နေတာရှိတယ်။ ဒါကြောင့် အပြန် အလှန် အချင်းများအငြင်းပွားနေမယ့် အစား ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို စဉ်းစားသင့်တယ်လို့ မြင်မိပါ တယ်''ဟု ညီမျှခြင်းမြန်မာ မန်နေဂျင်းဒါ ရိုက်တာဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီးလီသည် မြန်မာနိုင်ငံသို့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၆ရက်အထိ လာရောက်သည့် ခရီးစဉ်အပြီး ဇန်န ဝါရီ ၁၆ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၄င်း၏ ခရီးစဉ်နှင့်စပ်လျဉ်း ၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံသို့ တင်သွင်းမည့် အစီ ရင်ခံစာတွင် 'ရိုဟင်ဂျာ' အမည်ဖြင့်သာ တင်သွင်းသွားမည်ဟု ပြောကြားခဲ့သည်။
TheYangonTimes

No comments:
Post a Comment