Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 24, 2015

သြစီဝန်ကြီးချုပ်ရဲ့ အပြောကို မွတ်စလင်တွေ ဝေဖန်ကြ

ဝန်ကြီးချုပ် တိုနီအာဘော့တ် (Credit: AAP) 
မွတ်စလင် ​ခေါင်းဆောင်တွေအနေနဲ့ ​အကြမ်းဖက်မှုတွေကို ​မလုပ်ဖို့ ​ပြည်သူတွေကို ​တိုက်တွန်းရမှာ ​ဖြစ်သလို ​စိတ်လိုက်မာန်ပါ ​တိုက်တွန်းမှုလုပ်ဖို့ ​လိုတယ်လို့ ​သြစတြေးလျ ​ဝန်ကြီးချုပ်က ​ပြောဆိုတဲ့အပေါ် ​မွတ်စလင် ​အသိုင်းအဝိုင်းတွေက ​ဝေဖန်နေကြပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေး ​မဟာဗျူဟာအကြောင်း ​ဝန်ကြီးချုပ်က ​မနေ့တုန်းက ​ချပြစဉ်တုန်းက ​မွတ်စလင်ခေါင်းဆောင်တွေကို ​တိုက်တွန်းမှု ​လုပ်ခဲ့တာပါ။

မွတ်စလင်လူမျိုး ​လွှတ်တော်အမတ် ​Shaoquett ​Moselmane ​ကတော့ ​မွတ်စလင်လူမျိုးတွေကို ​ပစ်မှတ်မထားပဲ ​အကြမ်းဖက်သမားတွေကိုသာ ​ပစ်မှတ်ထားဖို့ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ကို ​ပြန်လည် ​ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ်က ​မွတ်စလင်လူမှု ​အသိုင်းအဝန်းကို ​ဘာကြောင့် ​ပစ်မှတ်ထားရသလဲ၊ ​မွတ်စလင် ​အသိုင်းအဝိုင်းက ​ငြိမ်းချမ်းစွာနေထိုင်တယ်လို့ ​ဆိုပါတယ်။ ​မွတ်စလင်အယောက်ပေါင်း ​ငါးသိန်းလောက်ရှိပေမယ့် ​အဲဒီအထဲမှာပဲ ​တချို့လူကသာ ​ပစ်မှတ်ထားခံရမှာဖြစ်ပြီး ​အဲဒီလူတွေကို ​ဝန်ကြီးချုပ်နဲ့ ​လုံခြုံရေးတပ်တွေ ​ပစ်မှတ်ထားရမှာ ​ဖြစ်တယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။

အစ္စလာမ်မစ် ​ကောင်စီရဲ့ ​အတွင်းရေးမှူး ​Karanda ​Seyit ​ကလည်း ​အကြမ်းဖက်မှုတွေ ​မဖြစ်အောင် ​မွတ်စလင်တွေက ​အများကြီး ​ကြိုးစားနေချိန်မှာပဲ ​ဝန်ကြီးချုပ်က ​အခုလို ​ပြောဆိုလိုက်တာက ​အကောင်းထက် ​အဆိုးကို ​ဖြစ်စေတယ်လို့ ​ပြောပါတယ်။

သာမာန်မွတ်စလင်တွေက ​ငြိမ်းချမ်းရေးရှိအောင် ​အများကြီးလုပ်ဆောင်နေကြပေမယ့် ​ဝန်ကြီးချုပ်ရဲ့ ​ပြောစကားတွေက ​ကြောက်စရာပိုဖြစ်အောင်၊ ​အကြမ်းဖက်မှုတွေ ​ပိုလုပ်လာအောင် ​သွေးထိုး ​လှုံ့ဆော်နေသလို ​ဖြစ်နေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-24/1418143

No comments:

Post a Comment