Monday, February 2, 2015
တင်းမာမှုများဖြစ်နေ သည်ဟု သတင်းကြီးနေသော နိုင် ငံတော်သမ္မတဦးသိန်းစိန်နှင့်ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းတို့သည် ဇန်န၀ါရီ ၃၀ ရက်တွင် နှစ်ဦးတည်းသီးသန့်တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ နှစ်ဦးတည်း သီးသန့်တွေ့ ဆုံခြင်းမှာ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ခွင့်ပြုရန်တောင်းဆိုသဖြင့် လွှတ်တော်အ
စည်းအဝေးမစတင်မီ တွေ့ဆုံခဲ့ ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း နှင့်
နီးစပ်သူများထံမှ သတင်းရရှိ သည်။
အဆိုပါတွေ့ဆုံမှုပြီးနောက် သူရဦးရွှေမန်းအနေဖြင့်သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နိုင်ငံ တော်သမ္မတကြီးနှင့် တွေ့ဆုံခဲ့ သည်မှာ မှန်ကန်ကြောင်းပြောဆို ခဲ့သည်။
သို့သော် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအချက်ကို မလိုက်နာပါက ဥပဒေချိုးဖောက်ရာရောက်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့်အချက်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုမှာ အခြေအနေမကောင်းကြောင်း လေ့လာသူအချို့က သုံးသပ်သည်။
7Day Daily

No comments:
Post a Comment