Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 4, 2015

ဆန္ဒပြ ကျောင်းသားများအနေဖြင့် ဒေါက်တာသိန်းလွင်ကိစ္စနှင့် ပတ်သက်ပြီး အာရုံမပြောင်းဘဲ မိမိ ဦးတည်ချက်အတိုင်း လုပ်ဆောင်ရန် လိုအပ်


ယခု ဆန္ဒပြကျောင်းသားများအနေဖြင့် ဒေါက်တာသိန်းလွင်ကိစ္စနှင့် ပတ်သက်ပြီး အာရုံမပြောင်းဘဲ မိမိ ဦးတည်ချက် အတိုင်းဆက်လက် လုပ်ဆောင်သွားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟို အလုပ် အမှုဆောင်အဖွဲ့ မှ ဒေါ်နန်းခင်ထွေးမြင့်က the Ladies သို့ ဖေဖော်ဝါရီ ၂ရက် ညနေ ၅နာရီက ပြောသည်။
NNER အဖွဲ့တွင် လက်ရှိလှုပ်ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ဒေါက်တာသိန်းလွင်သည် ပါတီ စည်းမျဉ်း စည်းကမ်းများဖြင့် ငြိစွမ်းဟန်ရှိသဖြင့် အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဆောင်ရွက်သွားရန်ရှိသည့် အပေါ် ကျောင်းသားများအနေဖြင့် အာရုံမပြောင်းရန် ပြောခြင်းဖြစ်သည်ဟု ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်
ယင်းက` သတင်းဌာန တစ်ချိုက ဒေါက်တာသိန်းလွင့် နှုတ်ထွက် သွားပြီပြော တယ်။အန်တီတို့ဆီမှာ လူတစ်ယောက်ကို ထုတ်ပစ်တယ်ဆိုတာ လွယ်လွယ် ကူကူ ကိစ္စမဟုတ်ပါဘူး။ ဆရာကို မေးလိုက်တော့လည်း သူက နှုတ်ထွက်စာ မတင်ရသေးပါဘူးပြောတယ်။ ကြားထဲ သတင်းရလိုမှုနဲ့ တစ်ခုခု ဖြစ်မှာ စိုးတယ်။ နောက် ကျောင်းသားတွေဘက်ကလည်း ဦးတည်ချက် မပြောင်းပါနဲ့ သူတို့ သွားမယ့်လမ်း ဘာမှ အနှောက်အယှက် မဖြစ် ပါဘူး။ ဒေါက်တာ သိန်းလွင် ကိစ္စက ပါတီ ကိစ္စပဲဖြစ်တယ်။ အခုလည်း ဒေါက်တာ သိန်းလွင် ဆက်လက် ကူညီနေတာ ဖြစ်လို့ ကျောင်းသားတွေ အနေနဲ့ ဦးတည်ရာကို ဆက်လုပ်သွားပါဟု ၄င်းက ပြောကြားခဲ့သည်။
______________________________
The Ladies News Journal (4-2-2015)

No comments:

Post a Comment