Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 13, 2015

ခရီးသည်တင်ယာဉ်မှ လမ်းဘေးတွင် ရပ်ထားသော ယာဉ်အား တိုက်မိသဖြင့် (၁၈)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၁၂.၂.၂၀၁၅ရက်နေ့ ၁၀၅၅ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းအတိုင်း ရန်ကုန်ဘက်မှပြည်ဘက်သို့ ပဲခူးတိုင်း ဒေသကြီးနေ ယာဉ်မောင်း ကိုဌေးဝင်း (၄၄)နှစ်မောင်းနှင် လာသော 7A---- ဒိုင်နာ လက်ပံတန်း- ရန်ကုန် ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ်(၇၀/၆) အရောက် လမ်း၏ ယာဘက်ဘေးတွင် ရပ်ထားသော ၉ခ/----- မီနီဘတ်(စ်) သိဒ္ဓိအောင်ယာဉ်လိုင်း မော်တော် ယာဉ်၏ ၀ဲဘက်ခေါင်းပိုင်းအား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်များပျက်စီးသွားခဲ့ပြီး 7A-----ဒိုင်နာယာဉ်ပေါ်ပါ ခရီးသည်များဖြစ်ကြသည့် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၁၁)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် ဥက္ကံတိုက်နယ်ဆေးရုံတို့တွင် အတွင်း/အပြင်လူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုဌေးဝင်းအား ဥက္ကံ နယ်မြေရဲစခန်းယာဉ်(ပ) ၅/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment