Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 19, 2015

ဒေါက်တာညိုညိုသင်းဝေဖန်ပြီ

အမျိုးသားပညာရေးဥပဒေနှင့်စပ်လျဉ်း၍ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ က မေတ္တာရပ်ခံပန်ကြားချက်နှင့် ကြေညာချက်များတွင်ပါဝင်သည့် ပညာရေးဆိုင်ရာကိစ္စကိုအကြောင်း ပြုပြီး ဆူပူမှုများဖြစ်ပေါ်လာစေရန် ကျောင်းသားလူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူ များ၊ နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေးအားမြှောက်ပြုနေသူသည့် နိုင်ငံရေးအဖွဲ့ အစည်းအချို့အား အစိုးရကတိကျစွာဖော်ထုတ်ပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ထောက်ပြပြောဆိုလိုက်သည်။
အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍မိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားရေးနှင့် စာမေးပွဲများ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနတို့က ဖေဖော်ဝါရီ ၅ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်နှစ်ခုအနက် အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်အ မှတ်စဉ် (၆) မှာ ပညာရေးဆိုင်ရာကိစ္စကိုအကြောင်းပြုပြီး ဆူပူမှုများဖြစ်ပေါ်လာစေရန် ကျောင်းသား လူငယ်များကိုအသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများ၊ အားပေး အားမြှောက်ပြုနေသည့် နိုင်ငံရေးအဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း ဖော် ပြပါရှိရာ အဆိုပါအချက်သည် ကျောင်းသားနှင့်ပြည်သူကို သွေးခွဲသည့်ဖော်ပြချက်ဖြစ်ကြောင်း၊ ပြည် သူများဝေဝါးသွားစေနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုက်သည်။
သတင်းထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး NNER အဖွဲ့ဝင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက “အန်တီကတော့ ဒီကြေညာချက်တွေကို မကြိုဆိုဘူး။ ဘာ ကြောင့်လဲဆိုတော့ အရှင်းသားပေါ်နေတယ်။ ကျောင်းသားတွေကပညာရေးကိစ္စကိုပဲ သီးသန့်တောင်း ဆိုနေတာဖြစ်တယ်။ ဒါကိုအပိုဒ်(၆)မှာပြောထားတာက စွပ်စွဲချက်ဖြစ်နေတယ်။ တကယ်လို့ကျောင်း သားတွေနောက်မှာ နိုင်ငံရေးအဖွဲ့တွေပါနေတယ်ဆိုရင် ဘယ်နိုင်ငံရေးအဖွဲ့တွေလဲ၊ ဘယ်လိုပါနေလဲ ဆိုတာ တိတိကျကျဖော်ထုတ်ပြီး တိတိကျကျပြောဖို့လိုတယ်။ ရမ်းပြီးတော့ ပြည်သူလူထုဝေဝါးသွား အောင်၊ ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်သွားအောင် ဒီလိုကြေညာချက်ကို မထုတ်သင့်ဘူးလို့ ထင်တယ်” ဟုပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ယင်းကြေညာချက်များနှင့် ပတ်သက်ပြီးအစိုးရဘက်မှ ကျောင်းသား များအပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှုများရှိလာတော့မည်ဟု ရေးသားနေမှုများရှိနေကြောင်း သိရသည်။
ကြေညာချက်များနှင့် ပတ်သက်ပြီး “အစိုးရကထုတ်ပြန်တာက ကလေးတွေစာမေးပွဲနီးလာပြီဖြစ်တဲ့ အတွက် ကလေးတွေစာမေးပွဲထိခိုက်မှာ စိုးတဲ့အတွက် မိဘပြည်သူကို ပန်ကြားတာဖြစ်မှာပါ။ ဝန်ကြီး ဌာနကရော အစိုးရကရော နှစ်ခုစလုံးထုတ်ပြန်တဲ့ဟာက ကျောင်းသားတွေစာမေးပွဲဖြေဆိုရေးထိခိုက် မှာစိုးတဲ့အတွက်ရယ်၊ ကိုယ့်သားသမီးတွေရဲ့ စာမေးပွဲကို အလေးပေးဖို့အတွက် အဓိကထားကြေညာ တယ်လို့မြင်ပါတယ်” ဟု မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာမောင်သင်းက ပြောသည်။
လက်ရှိကျောင်းသားများပြုလုပ်နေသော သပိတ်သည်ပညာရေးပြုပြင်ပြောင်းလဲမှုအတွက်သာ ဖြစ်ပြီး အထွေထွေသပိတ်အဖြစ် ပြောင်းလဲဆောင်ရွက်မှုများ ရှိလာမည်မဟုတ်ဘဲ ပညာရေးပြုပြင်ပြောင်းလဲ မှုလမ်းကြောင်းတစ်ခုတည်းကိုသာ ပြုလုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ သိရသည်။
“ကျွန်တော်တို့လှုပ်ရှားတာကို အစိုးရကဆူပူလှုပ်ရှားတယ်လို့ သိမ်းသွင်းထားတယ်။ ကျွန်တော်တို့က ပညာရေးလှုပ်ရှားမှုတစ်ခုတည်းကိုပဲ ဇောက်ချလုပ်သွားမှာ။ ဘယ်အဖွဲ့အစည်းအတွက်ကိုမှ လုပ်သွား မှာမဟုတ်ဘူး။ ဘယ်အထွေထွေသပိတ်ကိုမှ ပြောင်းသွားမှာမဟုတ်ဘူး။ သူတို့ဘယ်လိုအကြမ်းဖက် မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ အရင်တုန်းကတော့ မပြောမဆိုဘဲလုပ်တယ်။ အခုကတော့ ပြောဆိုပြီးမှလုပ်တဲ့ပုံစံမျိုးတွေလို့ မြင်တယ်။ သူတို့အကြမ်းဖက်လာရင် ကျွန်တော်တို့ဘက်မှာ ပြည်သူ လူထုရှိတယ်။ ကျွန်တော်တို့လိုချင်တာဒါပဲ။ သူတို့လုပ်ရင်လဲ ကျွန်တော်တို့ခံရမှာပဲ။ သူတို့ကလက်ရှိ အာဏာရအစိုးရဖြစ်တယ်။ သူတို့မှာလက်နက်ရှိတယ်။ ကျွန်တော်တို့မှာ ချွန်ထက်တဲ့အရာဆိုလို့ဘော ပင်ပဲရှိတယ်” ဟု ပုသိမ်သပိတ်အဖွဲ့မှ ကျောင်းသားခေါင်းဆောင်ပိုင်ရဲသူက ပြောသည်။
ကျောင်းသားများ၏သပိတ်မှောက်စစ်ကြောင်းများကို အစိုးရမှအကြမ်းဖက်ဖြိုခွင်းခြင်းများမပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၅၀ ကျော်ကတောင်းဆိုထားကြောင်း သိရသည်။
ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဘတင့်ဆွေက “သတို့ကတော့ ကျောင်းသားတွေရဲ့လုပ်ကိုင် ဆောင်ရွက်မှုကို ရပ်တန့်စေချင်တဲ့သဘောနဲ့ ထုတ်တာလို့ယူဆရတာပေါ့။ ဆက်လက်ပြီးတော့ ကြီး ထွားလာနိုင်တဲ့၊ အရှိန်အဟုန်မြင့်လာနိုင်တဲ့ ကျောင်းသားလှုပ်ရှားမှုအတွက် ကြေညာချက်ထုတ်တာပဲ။ အတိုချုပ်ကတော့ ဒီသဘောပဲ။ ဒီကြေညာချက်ကြောင့် ကျောင်းသားတွေလှုပ်ရှားမှုကို ရပ်တန့်စေမယ် မထင်ပါဘူး။ တွေ့ဆုံညှိနှိုင်းပွဲတွေက ပွင့်လင်းမြင်သာမှုမရှိဘဲ တွေ့ဆုံချင်တဲ့အသွင်သဏ္ဌာန်လုပ် တော့ကျောင်းသားတွေရဲ့ ယုံကြည်မှုပျက်ပြားသွားစေတာပေါ့။ ဒါကြောင့်ကျောင်းသားတွေနဲ့အလျင် အမြန်တွေ့ဆုံရေးဆီကို ရှေးရှုသင့်တယ်။ ကျောင်းသားတွေ သပိတ်မှောက်တဲ့၊ ဆန္ဒပြတဲ့အပေါ်မှာ တစ်ဖက်ကတန်ပြန်ပြီးတော့ စုံစမ်းတယ်။ ပြည်သူကလဲ ပူးပေါင်းပါဝင်မှုတွေရှိတော့ တစ်ဖက်ကလဲ လက်ညှိုးထိုးမှာပဲ။ ပြည်သူတွေနဲ့အတူရောယောင်ဆန္ဒပြတာတွေကတော့ အားနည်းချက်ဖြစ်တတ် တာပေါ့။ နိုင်ငံတော်အနေနဲ့ကတော့ ကျောင်းသားတွေနဲ့ပတ်သက်တဲ့ ပညာရေးဆိုင်ရာ ပြဿနာတွေ ကိုပြောတာမို့ အလျင်အမြန်ဆုံးတွေ့ဆုံပြီး ကျောင်းသားတွေလိုလားချက်တွေကို ဖြည့်ဆည်းပေးတာ အကောင်းဆုံးပဲလို့ထင်တယ်။ ကျောင်းသားတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေက ပူးပေါင်းပါဝင်လာ နိုင်တယ်။ ဒါကိုဂရုပြုပြီး ကျောင်းသားတွေအနေနဲ့ ကိုယ့်ကျောင်းသားရေးရာနဲ့ပတ်သက်တာကို အာရုံ စိုက်ဖို့လိုပါတယ်။ ဒါကိုကျောင်းသားခေါင်းဆောင်တွေက ကိုယ့်စစ်ကြောင်းကို ကိုယ်ထိန်းသိမ်းပြီး တော့ဆောင်ရွက်ဖို့လိုတယ်” ဟု ပြောသည်။
ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ဦးသုဝေက “ယေဘုယျကတော့ ကျောင်းသားတွေက ပညာ ရေးရဲ့တိုးတက်ရေးကို အာရုံစိုက်ပြီးလုပ်ရမှာ ဒီကာလမှာအကောင်းဆုံးပဲ။ အရင်တုန်းက ကျွန်ခေတ် ဆိုတော့ ဒီလိုလှုံ့ဆော်မှုတွေကို လုပ်ရတာ။ အခုတော့အဲဒါက အချိန်အခါသိပ်မဟုတ်တော့ပါဘူး။ ကျောင်းသားတွေ ခုလိုလုပ်နေတာတွေက အစိုးရကစွပ်စွဲသလိုပဲ မြှောက်ပင့်တဲ့သူတွေ၊ စွက်ဖက်တဲ့ သူတွေပါလာတာမျိုးတွေဆိုရင် ဒီလိုကာလမျိုးမှာလုပ်တတ်တယ်။ အခုကပြည်တွင်းကရော၊ ပြည်ပက ရော တိုင်းပြည်မငြိမ်မသက်ဖြစ်မှ ဝင်ရောက်စွက်ဖက်လို့ရတယ်ဆိုပြီး လုပ်တတ်တဲ့သူတွေရှိတယ်။ အဲဒီလိုဟာတွေကို ကျောင်းသားတွေက သတိထားပြီးတော့ စဉ်းစားစေချင်တယ်။ ဒီလုပ်ငန်းကြီးက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကောင်းကျိုးရှိရဲ့လား၊ ကောင်းတယ်ဆိုဆက်လုပ်မှာပေါ့ဗျာ။ ကိုယ့် ကြောင့်တိုင်းပြည်အတွက်လဲ မကောင်းဘူး။ ပြည်သူတွေအတွက်လဲ နစ်နာတယ်ဆိုရင်မလုပ်ကြနဲ့ပေါ့။ တစ်ခုကိုလုပ်မယ်ဆိုရင် သေချာပြန်ကြည့်သင့်တယ်။ ကျောင်းသားတွေကတက်ကြွနေတဲ့သူတွေဆို တော့ ရိုးရိုးသားသားလုပ်ကြတာဆိုရင်တော့ အရေးမကြီးပါဘူး။ လွှတ်ပေးလို့ရတာပေါ့။ တမင်ရည် ရွယ်ပြီး အကြမ်းဖက်မှုတွေဖြစ်အောင်လုပ်တဲ့သူတွေရှိရင်တော့ စိုးရိမ်စရာကောင်းပါတယ်။ ကျွန်တော် တို့အနေနဲ့တော့ တွေ့ဆုံဆွေးနွေးနည်းကို သုံးစေချင်တယ်” ဟုပြောသည်။
ယင်းသို့သော ဝေဖန်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးအကြီးတန်းအရာရှိကြီးတစ်ဦးက “အခု နောက်ကွယ်ကလုပ်နေတဲ့သူတွေက ဘယ်သူတွေဆိုတာ သူတို့ကိုယ်သူတို့သိပါတယ်။ မပြောသေး တာက အချိန်မတန်သေးလို့ပါ။ အခုကြေညာထားတယ်ဆိုတာက ပဋိပက္ခဆက်မဖြစ်အောင်၊ မကြီးမား အောင်ထိန်းဖို့ နောက်ကွယ်ကလူတွေကို သတိပေးထားတာပါ” ဟုပြောသည်။


Democracy Today Daily

Like ·

No comments:

Post a Comment