Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

ဂျပန်ဓားစာခံတစ်ဦးကို ISIS ကွပ်မျက်ပြီး ကျန်တစ်ဦးအတွက် အကျဉ်းသား ဖလှယ်ရန် တောင်းဆို

ယမန်နေ့တွင် ISIS စစ်သွေးကြွ များက ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ခဲ့ရာ ၄င်းတို့ ဖမ်းဆီး ထားသော ဂျပန် ဓားစာခံ တစ်ဦးက ကျန် ဓားစာခံ ကွပ်မျက်သည်ကို ရိုက်ကူး ထားသော ဓာတ်ပုံကို ကိုင်ဆောင် ပြသရင်း ၄င်း၏ အသက်နှင့် ISIS အသေခံ ဗုံးခွဲသမား အမျိုးသမီး အကျဉ်းသား နှင့် လဲလှယ်ရန် ISIS စစ်သွေးကြွ က ကမ်းလှမ်း ထားကြောင်း ပြောပြ ထားသည်ဟု သိရသည်။

ကင်ဂျီဂိုတို ဆိုသူက ၄င်း၏ အပေါင်းဖော် ဟာရူနာယူကာဝါ ၏ ဦးခေါင်း ကင်းမဲ့နေသော ခန္ဓာကိုယ်ဓာတ်ပုံကို ကိုင်ဆောင်ပြသ ထားခြင်းဖြစ်ပြီး ယူကာဝါ သေဆုံးရသည့် အတွက် ဂျပန်ဝန်ကြီးချုပ် တွင် တာဝန်ရှိကြောင်း၊ ၂ဝဝ၅ ခုနှစ်က ဂျော်ဒန်နိုင်ငံရှိ ဟိုတယ်တစ်လုံး ကို တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသော အသေခံ ဗုံးခွဲသမား အမျိုးသမီး အကျဉ်းသား ဆာဂျီဒါ အယ်လ်ရီရှာဝါ နှင့် မိမိကို ISIS က လဲလှယ်လိုကြောင်း ၄င်း ဗီဒီယိုထဲတွင် ပြောပြ ခဲ့သည်။

ISIS သည် ဂျပန်လူမျိုး နှစ်ဦးကို ဒူးထောက် ခိုင်းထားပြီး ၄င်းတို့ အနောက်တွင် မျက်နှာအုပ် ထားသူ တစ်ဦးက ဓားကိုင်ဆောင်ကာ ရပ်နေပုံကို ဇန်နဝါရီ ၁၉ ရက်က အစွန်းရောက် အကြမ်းဖက် သမားများ အသုံးပြုသော အင်တာနက် စာမျက်နှာ အများအပြားတွင် ဖော်ပြခဲ့ပြီး ဓားစာခံများကို ၇၂ နာရီအတွင်း အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ဖြင့် ရွေးယူရမည် ဟု ဓားကိုင် ထားသူက ပြောထားသည်။

ISIS တောင်းခံသော အမေရိကန် ဒေါ်လာသန်း ၂ဝဝ သည် ISIS ချေမှုန်းရေး လှုပ်ရှားမှု အတွက် ဂျပန်နိုင်ငံက ထည့်ဝင်မည်ဟု ကတိ ပေးထားသော ပမာဏနှင့် တူညီနေသည်။

ယမန်နေ့ ထွက်ရှိလာသော ဗီဒီယိုဖိုင် ကိစ္စနှင့် ပတ်သက်၍ ဂျပန် အစိုးရအဖွဲ့ က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး အစိုးရ အဖွဲ့ရုံး အရာရှိ ယိုရှီဟိုက်ဆူဂ က အဆိုပါ ဗီဒီယိုဖိုင်သည် အလွန်ဒေါသ ထွက်ဖွယ် ကောင်းပြီး လက်ခံနိုင်စရာ မရှိဟု ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ကြောင်း သိရသည်။

https://www.youtube.com/watch?v=KlgBfvNStRs

https://www.youtube.com/watch?v=bLUL3oyOT-Q

http://www.dailymail.co.uk/news/article-2924582/Have-ISIS-beheaded-Japanese-hostage-Country-expresses-outrage-new-video-emerges-appearing-captive-holding-picture-fellow-captive.html#v-4009431746001

Video Purports To Show Beheaded Japanese Hostage

Video Appears to Show Decapitated Body of a Japanese Hostage of ISIS

ISIL video claims Japanese hostage beheaded

#PyiChitThar

No comments:

Post a Comment