CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 25, 2015
မန္တလေးနန်းတွင်းရှိ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေး
မန္တလေးနန်းတွင်းရှိ အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံ တပ်ထောင်တွင် တာ ၀န်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများထွက်ပြေးလွတ် မြောက်သွားမှု ဇန်န၀ါရီ ၂၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ဇန်န၀ါရီ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် တပ်ထောင်မှ တာဝန်ကျတပ်ကြပ်တစ်ဦးကို သတ်ကာအကျဉ်းသား ရှစ်ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများကပြောသည်။ စားဖိုဆောင်တွင် တာဝန်ကျသည့် အကျဉ်းသားများက တပ်ကြပ်ကိုသတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး နံနက်မှသာ သိရှိခဲ့ရသည်ဟုလည်း တပ်နှင့် နီးစပ်သူများကပြောသည်။
မန္တလေးနန်းတွင်းရှိ တပ် ထောင်မှာ မြနန်းစံကျော်ရွှေနန်း တော်အဆောင်များ၏ နောက် ဘက်ခြမ်းတွင် တည်ရှိပြီး စစ်ပြေး နှင့် တပ်မတော်အကျဉ်းသားများ ထားရှိခြင်းဖြစ်သည်ဟု ဆိုသည်။ ဖြစ်စဉ်အသေးစိတ်နှင့် ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားအရေအတွက် အတိအကျကို မသိရှိရသေးပေ။
ဖြစ်ပွားမှု အသေးစိတ်ကိုသိရှိနိုင်ရန် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း တပ်မတော်တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်း၍ မရခဲ့ပေ။
အခင်းဖြစ်ပွားခဲ့သည်ဟု သတင်းများကြားသိနေရသော် လည်း ရဲတပ်ဖွဲ့သို့ တစ်စုံတစ်ရာ အသိပေးအကြောင်းကြားမှု၊ အမှု ဖွင့်တိုင်ကြားမှုမရှိသေးကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
မင်းတုန်းမင်းနှင့် သီပေါမင်းထီးနန်းစိုးစံခဲ့ရာ မန္တလေးနန်း တော်မှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံ ကို သိမ်းပြီးချိန် ၁၈၈၅ မှစတင်ကာ အင်္ဂလိပ်တို့က တပ်မတော်ဌာနချုပ်အဖြစ် အသုံးပြုခြင်းခံခဲ့ရသည်။ လက်ရှိတွင် မန္တလေးနန်းတွင်းကို အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်အဖြစ် အခြေစိုက်အသုံး ပြုလျက်ရှိသည်။
http://7daydaily.com/story/30297#.VMWeKy49THR
မန္တလေးနန်းတွင်းရှိ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)




No comments:
Post a Comment